ပညာရေးဝန်ကြီးဌာန

(င)-အထက်ချင်းတွင်း ဒေသကောလိပ်ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဟုမ္မလင်းမြို့ဟာ အထက်ချင်းတွင်းဒေသမှာ အချက်အချာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့မှာ လေကြောင်း ခရီးစဉ်ရှိပေမယ့် အများစုကတော့ လေကြောင်းလိုင်းကို အသုံးမပြုနိုင်ကြပါဘူး။ ရေကြောင်းလမ်းကိုပဲ အသုံးပြုသွားလာနေကြရပါတယ်။ ဟုမ္မလင်းမြို့ဟာ လူဦးရေ ၁၈၀၀၀၀ သာရှိပေမယ့် ဧရိယာ အကျယ်အဝန်းဟာ ကယားပြည်နယ်နီးပါးကျယ်ဝန်းပါတယ်။ မြို့နယ်အတွင်းမှာ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ပြီး မြို့နယ်ရဲ့စီးပွားရေးဟ

(စ)-အခြေခံပညာအဆင့်တွင် အားကစားကို စွမ်းရည်တစ်ရပ် (ဘာသာရပ်တစ်ခု) အဖြစ် သတ်မှတ် ကျင့်သုံး ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော်တို့ နိုင်ငံတော်မှာ အားကစားဝါသနာရှင်များနှင့် အားကစားကလောင်ရှင်များက မြန်မာ့ အားကစားအဆင့်ကို ဝေဖန်သုံးသပ်ရေးသား ဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉၆၂ ခုနှစ် ကနေပြီးတော့ ၁၉၇၄ ခုနှစ်အထိ မြန်မာ့အားကစားအဆင့်ဟာ ရွှေခေတ်လို့တင်စားဖော်ပြထားတာကို တွေ့ရပါတယ်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်ဖြစ်ပါ တယ်။ ၁၉၆၂ ခုနှစ်က‌နေ ၁၉၇၄ ခုနှစ်အထိ အခြေခံအခြေအနေကိုလေ့လာတဲ့အခါမှာ ပညာရေး ဝန်ကြီးဌာန အခြေခံပညာအဆင့်မှာ စနစ်ကျတဲ့ လုပ်ငန်းစီမံချက်ရေးဆွဲထားတာကို လေ့လာတွေ့ရှိရပါ တယ်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆရာ့လက်စွဲမူလတန်းလွန်ဆိုတဲ့ စီမံချက်စာအုပ်ကို ၁၉၆၄ ခုနှစ်မှာ ပြုစုထု

(င)-ပင်လောင်းမြို့နယ်၊ လုံပျဉ် ကျေးရွာ အုပ်စု ဆောင်ပြောင်း အ.ထ.က ကျောင်းခွဲကို အ.ထ.က ကျောင်း အဖြစ် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပင်လောင်း မြို့နယ် လုံးပင်ကျေးရွာအုပ်စု၊ ဆောင်ပြောင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဆောင်ပြောင်းကျေးရွာဟာ ပင်လောင်း-လွိုင်ကော် ပြည်ထောင်စု လမ်းမပေါ်တွင်တည်ရှိပြီးတော့ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်နယ်စပ်တွင်တည်ရှိသော ရွာကြီး တစ်ရွာဖြစ်ပါတယ်။ နယ်စပ်မြို့နယ်နှစ်ခုဖြစ်တဲ့ အားလျော်စွာ ရှမ်း၊ ပအိုဝ့်၊ ကယား၊ နှစ်ထပ်ကရင် စသည့်တိုင်းရင်းသားများ စုပေါင်းပြီး‌ အေးအတူပူအမျှ နေထိုင်ကြတဲ့အရပ်ဒေသ တစ်ခုပဲဖြစ်ပါတယ်။ ယခုအချိန်မှာ ဆောင်ပြောင်းကျေးရွာ

(ဆ)-ပညာရေးကောလိပ် သင်တန်းဆင်း လက်ရှိဘွဲ့ရ အထွေထွေ ကျောင်းလုပ်သားများ မူလတန်း၌ သင်ကြားရေး တာဝန်ယူထားရသော ဆရာ/ဆရာမများအဖြစ် ရာထူးတိုးမြှင့် တာဝန်ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်

ကျွန်တော်တို့ လပွတ္တာမြို့နယ်မှာ ပညာရေးဌာနရဲ့ မူလတန်းဆရာဆရာမများလိုအပ်ချက်ကို ၂၀၀၃ ခုနှစ်၊ ဇွန်လမှာ ဆွဲခန့်ဆရာအဖြစ်လည်းကောင်း၊ အထွေထွေ ကျောင်းလုပ်သားသင်ကြားရေးအဖြစ်လည်းကောင်း ခေါ်ယူခဲ့ပါတယ်။ အဲဒီလို ခေါ်ယူခဲ့တဲ့အတွက် ဒေသမှာရှိတဲ့ ဘွဲ့ရလူငယ်မောင်မယ်များဟာ ဒီပညာရေးမူလတန်းဆရာအဖြစ် ဝင်ရောက်ပြီးတော့ လျှောက်ထားခဲ့ကြပါတယ်။  အဲဒီလို လျှောက်ထားရာမှာ ဆွဲခန့်ဆရာဆိုတာကတော့ မရေရာမသေချာဘူး။ အထွေထွေကျောင်းလုပ်သားသင်ကြားရေးကတော့ ရာထူးတိုးတက်မှုရှိနိုင်တယ် ဆိုပြီးတော့ အထွေထွေကျောင်းလုပ်သားသင်ကြားရေးဝန်ထမ်းနေရာကို ဦးစားပေးပြီးလျှောက်ထားခဲ့ ပါတယ်။ လျှောက်ထားရာမှာလည်း တစ်နှစ်ကြာ

(ဇ)-ပေပင်ချောင်အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် စပ်လျဉ်းသည့်မေးခွန်း

ပေပင်ချောင်၊ အခြေခံပညာအထက်တန်းကျောင်းခွဲဟာ ၁၉၉၆-၁၉၉၇ ပညာသင် နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က ကျွန်တော်တို့ ကျွန်းလှမြို့နယ်မှာ သဖန်းဆိပ်ဆည်ရေလှောင်တမံစီမံကိန်းကြောင့် ကျွန်းလှမြို့နယ်ဟာ အရှေ့ဘက်ခြမ်းနဲ့ အနောက်   ဘက်ခြမ်းဆိုပြီးတော့မှ ဆည်ကြီးရဲ့ ပိုင်းခြားထားတာကိုခံရတာဖြစ်ပါတယ်။ ကျွန်းလှမြို့နယ်မှာ အထက်တန်းကျောင်းဟာ တစ်ကျောင်းတည်းပဲရှိပြီးတော့မှ ရှိတဲ့ကျောင်းဟာ ကျွန်းလှမြို့နဲ့တစ်ပါတည်း ပါသွားတဲ့အတွက်ကြောင့်မို့ ကျွန်းလှမြို့နဲ့ ၃၆ မိုင်

(ဈ)-လိပ်ဆင်းတောင်ကျေးရွာ အ‌ြခေခံပညာအလယ်တန်းကျောင်းခွဲနှင့်စပ်လျဉ်းသည့်မေးခွန်း

သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်ကမ်းနဖူးမှာရှိတဲ့ လိပ်ဆင်းတောင် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးဖို့ အဆင့်တိုးမြှင့်ဖို့အခြေအနေ ရှိ၊ မရှိ။ ရှိခဲ့ပါလျှင်လည်း မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးနိုင် မည်ကိုသိရှိလိုပါကြောင်း ‌ မေးမြန်းပါသည်။


 

(ည)-သစ်ရာမြိုင်ရပ်ကွက် အ‌ြခေခံပညာအလယ်တန်းကျောင်းမြေနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းမြေကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတင်ပြလိုပါတယ်။ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမြေဧရိယာဟာ ယခင်က ၅.၅၈ ဧက ရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က သဖန်းဆိပ်ဆည်ရေလှောင်တမံစီမံကိန်းကြောင့် ကျွန်းလှမြို့ဟာ ရွှေ့ပြောင်းလာခဲ့တဲ့အတွက် ကျောင်းမြေရဲ့အနောက်ဘက်ခြမ်း ၂.၀၇ ဧကကို လမ်းမြေအဖြစ်ပေးခဲ့  ရတာကြောင့် ကျောင်းမြေရဲ့ဧရိယာဟာ ၃.၆၁ ဧကသာကျန်ရှိပါတော့တယ်။ သို့ဖြစ်ပါ၍ ကျောင်း၏ တောင်ဘက်တွ

(င)-တောင်ရှည်ကျေးရွာအုပ်စုမူလတန်းကျောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မံမော်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး လူထုပိုင်မူလတန်းကျောင်းကို ၁၉၉၈ ခုနှစ်မှစ၍ ကျောင်းသားမိဘတစ်ဦးက ၎င်းပိုင်မြေ ၄.၇၅ ဧကကိုလှူဒါန်းပြီး ရပ်ရွာကျောင်းသားမိဘများက အလျားပေ ၇၀၊ အနံ ၁၈ ပေ၊ ရှေ့စမိတ် ၈ ပေရှိ အုတ်ကာသွပ်မိုးကွန်ကရစ်ခင်း တစ်ထပ်ကျောင်းဆောင်ကို ကျောင်းအင်္ဂါရပ်နဲ့ လျော်ညီစွာဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၎င်းကိုယ့်အားကိုယ်ကိုး လူထုပိုင် မူ

(ဃ)-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထင်ကရကျောင်းဆောင်များနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတစ် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရည်သွေးပြည့်ဝမှုကို နိုင်ငံသားတစ်ဦးစီရဲ့ စွမ်းအင်မြင့်မားမှုအပေါ်မူ တည်နေပါတယ်။ ထိုစွမ်းအင်မြင့်မားမှုရဲ့အရင်းခံမှာ ပညာရေးပိုင်းဆိုင်ရာကျွမ်းကျင်တတ်‌ြမောက်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ ပညာရေးကြိုးပမ်းဖော်ဆောင်မှုမှာလည်း ထိုအကြောင်း များ၏အခြေခံဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပညာရေးကဏ္ဍရဲ့စွမ်းဆောင်နိုင်မှုကို အဓိကထားအလေး ပေးဆောင်ရွက်လျက်ရှိကြပါတယ်။ ပ