(ဈ)-သထုံမြို့စိန်ကုန်း(အမက)နှင့် ကျောက်ကုန်း(အမက)မြေယာကိစ္စနှင့် စပ်လျဉ်းသည့်မေးခွန်း
သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက် အတွင်းမှာရှိတဲ့ စိန်ကုန်းအမကကျောင်းနဲ့ ကျောက်ကုန်းအမကကျောင်း မြေနေရာကိစ္စများကိုသိရှိလို ကြောင်းမေးမြန်းဖို့ဖြစ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ သထုံမြို့၊ လိပ်အင်းရပ်ကွက် မှာရှိတဲ့ စိန်ကုန်းအမကကို နိုင်ငံတော်အစိုးရက ၁၉၆၅ ခုနှစ်မှာ ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့အတွက် ပြည်သူ လူထုမှ စုပေါင်းတည်ဆောက်ခဲ့ကြပါတယ်။ တည်ဆောက်စဉ်ကာလက ကျောင်းမြေနေရာ မရှိတဲ့ အတွက် စည်ပင်သာယာပိုင်မြေ
