သာစည်မြို့၏အရှေ့ဘက် ၁၅ မိုင်ခန့်အကွာရှိ ကျွဲဒတ်ဆုံကျေးရွာအုပ်စုတွင်ပါဝင်သော ကိုင်းရိုး ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် သက်တော်တမံ(၂)၏ ရေလွှဲရေမြောင်းဘေးသို့ ရောက်ရှိသွားခြင်းကြောင်း လူနေအိမ်အချို့နှင့် စာသင်ကျောင်းမှာ အမြဲစိုစွတ်မှုဒဏ်ကို ခံစားနေရ ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုများလည်းပဲ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ လူနေအိမ်အချို့မှာ မိမိအစီအစဉ်နှင့် ပြောင်းရွှေ့နိုင်ခဲ့ကြသော်လည်း စာသင်ဆောင်ပြောင်းရွှေ့ရာတွင် သက်ဆိုင်ရာ ပညာရေးဌာန၏ လုပ်ထုံးလုပ်နည်းမူကြီးမှာ အခက်အခဲရှိနေပါတယ်။ ယခုအခါ ၁၀ လုံး တောင်ခြေရင်းဆည်နဲ့ ၄ ဖာလုံအကွာမှာရှိတဲ့ ရွာတန်းရှည်ရဲ့အလယ်ဗဟိုလောက်မှာ ပလပ်မြေ ၂ ဧက ကျော်ခန့်ရှိပါတယ်။ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ ကျန်းမာရေးအတွက် စိုးရိမ် ကြောင့်ကြမှုမရှိစေဘဲ သင်ကြားပို့ချနိုင်ရေးအတွက် အဆိုပါမြေနေရာတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်း၊ ကျောင်းပိုင်မြေအဖြစ် သတ်မှတ်ပေးနိုင်ခြင်း အစီအစဉ်ရှိ၊ မရှိသိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
[ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်ကိုယ်စား ဦးခင်မောင်ညွန့်၊ သပိတ်ကျင်းမဲဆန္ဒနယ်မှ မေးမြန်း ပါသည်။ ]
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျွဲဒတ်ဆုံကျေးရွာအုပ်စု၊ ကိုင်းရိုး ကျေးရွာ၏ အခြေခံပညာမူလတန်းကျောင်းမှာ သက်တော်ဆည်နှင့်နီးကပ်ပြီး အမြဲစိုစွတ်နေသော ကြောင့် ဆည်နှင့်ဝေးရာသို့ ကျောင်းပြောင်းရွှေ့တည်ဆောက်ရေးနှင့်ပတ်သက်၍ ရွာတန်းရှည်၏ အလယ်ဗဟိုတွင်ရှိသော ပလပ်မြေ ၂ ဧကကျော်အား ကျောင်းပိုင်မြေအဖြစ် မြေစာရင်းပုံစံအမှတ် ၁၀၅ ရရှိရန် ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးမှသာ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေခွဲဝေချထားပေးနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားပါသည်။
