(ဂ) လွိုင်လင် အ-ထ-က(၁) တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၉.၁၁.၂၀၁၂)

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် အခြေခံပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူ ဦးရေ တိုးတက်များပြားလာပါသဖြင့် ကျောင်းစာသင်ခန်းများကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ရန် တိုးချဲ့ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ လွိုင်လင် မြို့နယ် အမှတ်(၁)အ‌ြခေခံပညာအလယ်တန်းကျောင်း တိုးချဲ့ကျောင်းဆောင်သစ်အား မည်သည့် အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အ‌ခြေခံပညာကျောင်းများရဲ့ အဆောက်အဦအသစ်ဆောက်လုပ်ပြုပြင်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း၊ နိုင်ငံတော်နဲ့ မိဘများပူးပေါင်း၍ လည်းကောင်း၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း နှစ်စဉ်တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ လွိုင်လင် မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွေမှာ လိုအပ်လျက် ရှိတဲ့ ကျောင်းစာသင် ဆောင်များ တိုးချဲ့ဆောင်ရွက်ဖို့အတွက် ကျောင်းဆောင်သစ်တစ်ဆောင်ကို လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။