ပြန်ကြားရေးဝန်ကြီးဌာန
(ည)-(၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို သတိရပြီး အစဉ်အလာအတိုင်းဂုဏ်ပြုနိုင်ရန် ပြည်ထောင်စု အစိုးက မြန်မာ့အသံမှဥသြဆွဲသံကို ပြန်လည် ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိပါသလားနှင့် စပ်လျဉ်းသည့် မေးခွန်း
(က) အာဇာနည်နေ့တွင်အစိုးရ အဆက်ဆက်ကကျင့်သုံးခဲ့သော အာဇာနည်ကြီးများကျဆုံးခဲ့သည့်အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံမှ ဥသြဆွဲသံကိုပြန်လည်ထုတ်လွှင့်ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအနေဖြင့် အစီအစဉ်ရှိပါသလား။
(ခ)-မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ်အထိ ရန်ကုန်မြို့တွင် ဗိုလ်တထောင်သတင်းစာ၊ မန္တလေးမြို့တွင် လူထုသတင်းစာစသည့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရခဲ့သည်ဆိုလျှင် မှန်ပါ သလား။ တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးခဲ့သည်ကို ယနေ့ ယင်းဥပဒေတည်ဆဲကာလ တွင်ပင် ပြည်ထောင်စုအစိုးရက ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ပြုပါမည်လား။ ထုတ်ဝေခွင့်မပြုပါက အဘယ်ကြောင့်နည်းကို မေးမြန်းပါသည်။
(က)-မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုလုပ်ငန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ဗွီဒီယိုလုပ်ငန်းတွေ မပေါ်ခင်ကာလကတည်းက အသံတိတ်ခေတ်ကတည်းကနေစပြီး မြန်မာ့ရုပ်ရှင် ဆိုတာ ချီတက်ခဲ့တာ အခုတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ကမ္ဘာမှာလည်း မြန်မာ့ရုပ်ရှင်အဆင့်အတန်း သည် ကမ္ဘာ့ရုပ်ရှင်နှင့်ယှဉ်ရင် နောက်ကျကျန်ရစ်ခဲ့တာကို ကျွန်တော်တို့ စိတ်မကောင်းစရာတွေ့ရ ပါတယ်။ မြန်မာ့ရုပ်ရှင်က Black and White အသံတိတ်ခေတ်ကနေစပြီးတော့မှ
(ဈ)-ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေနှင့်စပ်လျဉ်းသည့်မေးခွန်း
ဒီမေးခွန်းနဲ့ပတ်သက်လို့ အနည်းငယ် ကျွန်မဘဝနဲ့ယှဉ်ပြီး တင်ပြလိုပါတယ်။ ကျွန်မရဲ့ဖခင်ကြီးကတော့ ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်ပြီး မြန်မာ့အသံမှာဓာတ်ပြားရ အဆိုတော်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖခင်ကြီးရဲ့ရုပ်ရှင်ရိုက်ကွင်းအပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့အတွက် အနုပညာရှင် များစွာရဲ့ ရင်တွင်းဖြစ်ခံစားမှုများကို နားလည်မိခဲ့ပါတယ်။ ထို့အပြင် ကျွန်မရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ်ဟာလည်း
(ခ)-အာဇာနည်နေ့တွင် ဥသြဆွဲသံထုတ်လွှင့်ပေးမှုနှင့် စပ်လျဉ်းသည့်မေးခွန်း
အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ၁၀း၃၇ နာရီတွင် မြန်မာ့အသံမှ ဥသြဆွဲသံ ထုတ်လွှင့်ပေးမှုမရှိသည်ကို ပြည်ထောင်စုအစိုးရက သိပါသလား။ ယနေ့ ပါတီစုံဒီမိုကရေစီ အစိုးရ လက်ထက်တွင် မြန်မာ့အသံမှ ဥသြဆွဲတာကို ပြန်လည်ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိပါသလား။ မရှိလျှင် အဘယ်ကြောင့် ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
(က)-အမျိုးသားစာပေဆုချီးမြှင့်ငွေနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒီနေ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံတော်ရဲ့ စတုတ္ထ မဏ္ဍိုင်ဖြစ်သော စာပေနှင့် စာနယ်ဇင်းသမားများအား နိုင်ငံတော်မှ နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ထိုသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် စာပေအမျိုးအစားတစ်ခုအတွက် လူပုဂ္ဂိုလ်တစ်ဦးကိုသာ အမျိုးသားစာပေဆု ချီးမြှင့်သော်လည်း ချီးမြှင့်ငွေပမာဏမှာ ကျပ် ၃ သိန်းသာ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်အနေဖြင့် ဝတ္ထုတိုပေါင်းချုပ်စာပေဆု၊ ဝတ္ထုရှည်စာပေဆု၊ သုတပဒေသာသိပ္ပံစာပေဆု၊ သုတပဒေသာဝ
(ဂ)-တိုင်းရင်းသားများ ပြန်လည်သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်အတွင်းဒေသများမှာ မငြိမ်းချမ်းမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူများ၏ဘဝ လုံခြုံမှုမရှိဘဲ လွန်စွာစိတ်ဆင်းရဲ ဒုက္ခရောက်လျက် ရှိနေပါတယ်ရှင်။ စစ်ပြေး ဒုက္ခသည်များဘဝသို့ ကျရောက်လျက်ရှိပြီး ပညာသင်ယူခွင့်၊ ကျန်းမာရေးဆေးကုသခွင့်များ ဆုံးရှုံးလျက် နိုင်ငံတော်ရဲ့လူသားအရင်း အမြစ်များနေ့စဉ် ပျက်စီးဆုံးရှုံးလျက်ရှိပါတယ်။ ဒါကြောင့် ပြည်သူများက တိုင်းရင်းသားများ ပြန်လည်သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စား လျ
(ဃ)-အစိုးရသစ်နှင့် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးရေးနှင့် စပ်လျဉ်းသည့် မေးခွန်း
ပါတီစုံအစိုးရမတက်ခင်က တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ဆွေးနွေးကြရာမှာ ယခု တောတွင်းကျန်ခဲ့သော အတိုက်အခံလက်နက်ကိုင်အဖွဲ့အစည်းများသည် ပါတီစုံပါဝင်သော အစိုးရ ဖြစ်ပေါ်လာပါက ၎င်းအစိုးရမှ လက်ကမ်းကြိုဆိုဆွေးနွေးမည်ဆိုပါလျှင် ညှိနှိုင်းဆွေးနွေးမည်ဟု ကြားသိခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု နိုင်ငံတော်ပိုင် သတင်းစာတွင် ဖော်ပြခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးဖွင့်ထားရုံမျှမက ငြိမ်းချမ်းရေး တံခါးပေါက်ဝတွင် တိုင်းရင်းသားသွေ
Pagination
- Previous page
- Page 3
- Next page
