(ဂ)-တိုင်းရင်းသားများ ပြန်လည်သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅-၈-၂၀၁၁)

နိုင်ငံတော်အတွင်းဒေသများမှာ မငြိမ်းချမ်းမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူများ၏ဘဝ လုံခြုံမှုမရှိဘဲ လွန်စွာစိတ်ဆင်းရဲ ဒုက္ခရောက်လျက် ရှိနေပါတယ်ရှင်။ စစ်ပြေး ဒုက္ခသည်များဘဝသို့ ကျရောက်လျက်ရှိပြီး ပညာသင်ယူခွင့်၊ ကျန်းမာရေးဆေးကုသခွင့်များ ဆုံးရှုံးလျက် နိုင်ငံတော်ရဲ့လူသားအရင်း အမြစ်များနေ့စဉ် ပျက်စီးဆုံးရှုံးလျက်ရှိပါတယ်။ ဒါကြောင့် ပြည်သူများက တိုင်းရင်းသားများ ပြန်လည်သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို မျှော်လင့်စောင့်စား လျက် ရှိကြပါတယ်။ ကျွန်မ မေးလိုတဲ့မေးခွန်းကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက တိုင်းရင်းသားများ ပြန်လည်သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်ကဲ့သို့ အစီအစဉ်ရှိပါသနည်း။ နံပါတ်(၂) ယခင်အစိုးရမှ ချမှတ်ခဲ့သော တိုင်းရင်းသားများ သွေးစည်း ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးမူဝါဒကို ပြည်သူသို့ ထုတ်ပြန်ပေးနိုင်ပါသလား။ နံပါတ်(၃) တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံညှိနှိုင်းရန်အတွက် တိုင်းရင်းသားများ ယုံကြည်ကိုးစားသည့် တိုင်းရင်းသား ပြည်သူများပါဝင်သော  စေ့စပ်ညှိနှိုင်းရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ကော်မရှင်အဖွဲ့(Peace Commission)အဖွဲ့ကို တရားဝင်ဖွဲ့စည်းပေးရန် ဆန္ဒရှိပါသလား။ ဆန္ဒရှိပါက မည်ကဲ့သို့ ဖွဲ့စည်းပေး မည်နည်း။ မည်သည်‌့အချိန်တွင် ဖွဲ့စည်းပေးမည်နည်း။ မဖွဲ့စည်းပေးနိုင်ဟုဆိုပါက အဘယ်ကြောင့် နည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်) မေးခွန်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က နေ့ရက်ရွှေ့ဆိုင်းဖြေဆိုခွင့်ပြုပါရန် တင်ပြခဲ့ပါသည်။