ပြန်ကြားရေးဝန်ကြီးဌာန

(က)-တိုင်းရင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်းမီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမဦးဆုံးအကြိမ် တိုင်ရင်းမီဒီယာညီလာခံကို မော်လမြိုင်မြို့တွင် ၂၀၁၃ ခုနှစ်က ကျင်းပခဲ့ပါကြောင်း၊ နှစ်စဉ်ဆက်တိုက် ချင်းပြည်နယ် (ဟားခါး)၊ ရှမ်းပြည်နယ် (တောင်ကြီး)၊ ရခိုင် ပြည်နယ် (မြောက်ဦး)၊ ကယားပြည်နယ် (လွိုင်ကော်) တို့တွင် ကျင်းပလာခဲ့ပြီး ဆဋ္ဌမအကြိမ် ညီလာခံကို ကရင်ပြည်နယ် (ဘားအံ) တွင် ၂၇-၄-၂၀၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် လာမည့်ညီလာခံကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ကျင်းပမည

(ည)ဂျာနယ်လောကအရည်အသွေးမြင့်မားလာရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့မေးမယ့် မေးခွန်းကတော့ မီဒီယာကိစ္စဖြစ်ပါတယ်။ မီဒီယာကိစ္စဟာ အလွန်တစ်ရာမှလေးနက် ပြီးတော့ ကျယ်ဝန်းတဲ့အတွက်ကြောင့် အနည်းငယ်ဦးစွာရှင်းပြခွင့်ပြုစေလိုပါတယ်။ ယနေ့ကျွန်တော်တို့ နိုင်ငံတော်မှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာမှာ မဏ္ဍိုင်လေးခုနှင့်ဖော်ဆောင်နေသလို စတုတ္ထ မဏ္ဍို

(ဈ) ရုပ်သံလိုင်းအမျိုးမျိုးတွင် တိုင်းရင်းသားဘာသာဖြင့် သတ်မှတ်ထုတ်လွှင့်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လူကြီးမင်းများအားလုံးကို ဂါရဝပြု ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ လင်းခေးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် စိုင်းလှကျော်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် များစွာပြောင်းလဲ တိုးတက်လျက်ရှိပါတယ်။ MRTV, MRTV-4, MWD, Family Entertainment, Sky Net   စသည်ဖြင့် အခပေး၊ အခမဲ့ အမျိုးမျိုးဖြင့်ထုတ်လွှင့်နေကြပါတယ်။ ရေဒီယိုအသံလွှင့်ကဏ္ဍတွင်လည်း မြန်မာ့အသံအပြင် FM Radio အစီအစဉ်အမျိုးမျိုးကိုလည်း များစွာထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ၎င်

( ဆ ) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဖမ်းယူထုတ်လွှင့်မှုနှင်‌့စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြန်ကြားရေးနှင်‌့စပ်လျဉ်းတဲ့ မေးခွန်းတစ်ခုကို မေးမြန်းသွားမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် မြို့သစ်မြို့နယ်ခွဲဟာ တမူးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးတဲ့ ကဘော်ချိုင့်ဝှမ်းဒေသရဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ အဲဒီမြို့နယ်ခွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာနမှ ၂၀၀၉-၂၀၁၀ ဘတ်ဂျက်နှစ်မှာ ရုပ်မြင်သံကြားနှင့်ထပ်ဆင့်လွှင်စက်ရုံကို တည်ဆောက် နေတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဧပြီလအတွင်းမှာ အဆောက်အဦများ ပြီးစီးပြီ ဖြစ်ပါတယ်။ အခုအ

(ဇ)ပြတိုက်/ စာကြည့်တိုက်များ အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မဲဆန္ဒနယ်က ဦးဝင်းမြင့် ဖြစ်ပါတယ်။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်  ပြည်မြို့ပေါ်မှာ ရွှေဘုန်းပွင့်ဘုရားကြီးဝင်းအတွင်းမှာ ရွှေဘုန်းပွင့်ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို ၁၉၃၁ ခုနှစ်ကစတင်ပြီး တည်ထောင်ခဲ့ပါတယ်။ အလှူရှင်များ၊ ဝါသနာရှင်များ၊ စာရေးဆရာကြီးများ၊ မြို့မိမြို့ဖ ပြည်သူများက အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းပြီး ခေတ်အ

(ခ)-၂၁-၂-၂၀၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မည်သည်‌့အတွက် Zero Line, Zero Line Area, No Man Land စကားလုံးများ သုံးစွဲရသည်ကို ရှင်းပြပါရန်နှင်‌့ အဆိုပါ Zero Line Area တွင် နေထိုင်သူများမရှိစေရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကိုသိလိုခြင်းနှင်‌့ စပ်လျဉ်း

မိမိတို့နိုင်ငံတွင် အိမ်နီးချင်းငါးနိုင်ငံရှိပြီး နယ်နိမိတ်တိုင်းတာမှုများကို ထိုင်းကလွဲပြီး အားလုံးပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ အချို့က ကုန်းနယ်နိမိတ်ဖြစ်ပြီး၊ အချို့က မြစ်၊ ချောင်းများအတိုင်း သတ်မှတ်ကြ ပါကြောင်း၊ ကုန်းနယ်နိမိတ်ဆိုရာတွင် (Water Ship) ဟု ခေါ်သော ရေဖြူကြောကို အခြေခံသည်မှာ များပါကြောင်း၊ မြစ်၊ ချောင်းများအတိုင်းသတ်မှတ်သည့်အခါ ချောင်း၏အ

(ဃ)-ပြန်ကြားရေးဝန်ကြီးဌာနမှ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော် အစိုးရ သည် စနစ်တစ်ခုမှတစ်ခုသို့ တိုးတက်နေသော ခေတ်နှင့်လျော်ညီစွာ ကူးပြောင်း၍ ပြည်သူများရဲ့ လိုအပ်ချက်များကို တတ်နိုင်သ၍ ဖြည့်ဆည်းဖော်ဆောင်ပေးရာတွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာအပြင် သတင်းမီဒီယာအခန်းကဏ္ဍနှင့် မဏ္ဍိုင် ၄ ရပ်ဖြင့် အပြန်အလှန်ထိန်းညှိစနစ်ဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲဆောင်ရွက်သွားနေသည်ကို ပြည်သူများ အသိပင် ဖြစ်ပါတယ်။ ပြည်သူများ အတွက် ခေတ်စနစ်တွေ ပြောင်းလဲသည်နှင့်အ

(ဂ)-စတုတ္ထမဏ္ဍိုင်ပြောင်းလဲတိုးတက်လာခြင်းနှင့်အတူ မီဒီယာဥပဒေ၊ ပုံနှိပ်ဥပဒေတို့နှင့်စပ်လျဉ်းသည်‌့ မေးခွန်း

ဒီမေးခွန်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပါတယ်။ ကြောင်းကျိုးဖော်ပြချက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအပိုင်း ပုဒ်မ ၃၅၄(က) အရ နိုင်ငံသားများအား မိမိတို့ယုံကြည်ချက်၊ ထင်မြင်ယူဆချက် များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ပေးအပ်ရမည့်အပြင် ယင်းပုဒ်မခွဲ(ဃ)အရ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့်ဓလေ့ထုံးစံ များကိုလည်း လွတ်လပ်စွ