သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ဂ)- ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက်မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ပြီး ဝါးစိုက်ခင်းများအခြေအနေကို ရှင်းလင်းချပြရန်နှင့် ဝါးစိုက်ပျိုးဆောင်ရွက်လို သူများအတွက် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

(ခ)-ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စုရှိ မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်းမိုင်တိုင်(၅၂/၃) အထိရှိသော သစ်ထုတ်လုပ်ရေးလမ်းမကြီးအား ကွန်ကရစ်လမ်း ခင်း ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု မိုးယွန်းကြီးအင်း မြောက်ကျောင်းလမ်းမှ အမြန်လမ်း မိုင်တိုင် ၅၂ မိုင် ၃ ဖာလုံအထိရှိသည့် သစ်ထုတ်လုပ်ရေးလမ်းမကြီးအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်း သွားမည် ဖြစ်ကြောင်း၊

(ဃ)-ကန်ပက်လက် မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း ပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေ သွားလာရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသား ဥယျာဉ် ခေါနူးစုမ်တောင်တွင် လာရောက် လည်ပတ်ကြသည့်  ပြည်တွင်းပြည်ပ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေလာနိုင်ရေးအတွက် တောင် ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမျိုးစိတ်များ စည်းကမ်းမဲ့ခူးယူ သယ်ဆောင်သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ထိထိရောက်ရောက် အရေးယူကာကွယ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့အစီအမံများ

(ဂ)-ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ ကျးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျေးငှက်များ သဘာဝအလျောက်လွတ်လပ်အန္တရာယ်ကင်းစွာနေထိုင်ကျက်စား အသက်ရှင် ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့်ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဃ)-လျှပ်စစ်မီးမရရှိနိုင်သေးသည့် ဒေသများတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင်‌့ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ရန် ထင်းအစားထိုးအခြားလောင်စာသုံးစွဲခြင်း အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း