( စ ) လူနေရပ်ကွက်အတွင်းရှိ စက်ရုံများနှင်‌့စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁၇-၂-၂၀၁၂)

 လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အရင်ဆုံး ကျွန်တော် မေးမယ့်မေးခွန်း ကတော့ ရန်ကုန်မြို့တော်အတွင်း လူနေရပ်ကွက်များမှာ စက်ရုံ၊ အလုပ်ရုံကြီးများ ယနေ့အထိ တည်ရှိ နေသည်ကို သိပါသလား။ ဒုတိယမေးခွန်းကတော့ ငမိုးရိပ်ချောင်းဘေးမှာ တည်ဆောက်ထားတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှ ပိုက်တိုင်များ ထုတ်လုပ်သည့်စက်ရုံ ကြောင့် အဆိုပါရပ်ကွက်ရှိ ရေနံ့သာလမ်းမကြီး ပျက်စီးသွားရခြင်း၊ ရပ်ကွက်သူရပ်ကွက်သားများ သွားလာရန် အန္တရာယ်ကြုံတွေ့နေရခြင်း၊ မိုးတွင်းရေလျှံသည့်အခါ ၎င်းစက်ရုံမှတစ်ဆင့် ရေများစက်ရုံ အတွင်းသို့ဝင်လာပြီး နေအိမ်များရေမြုပ်ခြင်းစသည်တို့ ဖြစ်ခဲ့သည့်အပြင် ပစ္စည်းသယ်ကားကြီးများ အမြဲဝင်ထွက်မှုနှင့် စက်ရုံ၏ဆူညံမှုတို့ကြောင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ညစဉ်အိပ်ရေးပျက် ကြပြီး ကျန်းမာရေးထိခိုက်မှုရှိပါသောကြောင့် ယင်းကိစ္စအား နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့‌ ြဖေရှင်းပေးပါမည်နည်း။ (ဂ) လူနေရပ်ကွက်များအတွင်းရှိ စက်ရုံကြီးများကို သက်ဆိုင်ရာစက်မှုဇုန်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါ မည်နည်းမေးမြန်းထားပါသည်။
  

ဖြေကြားသူ
ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မေးမြန်းချက်အား ပြန်လည်ဖြေကြား ပါတယ်။ စက်ရုံ၊ အလုပ်ရုံကြီးများ လူနေရပ်ကွက်မှာ မြောက်မြားစွာ ရှိနေသေးတာကို လက်ခံပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သို့သော်လည်းပဲ ရေရှည်ဆောင်ရွက်သွားမယ့်လုပ်ငန်းများ ဖြစ်ကြောင်း ဖြည့်စွက်တင်ပြရင်း ရှင်းလင်းအပ်ပါတယ်။ Geo Tech Pie ကုမ္ပဏီလီမိတက်မှ ပိုက်တိုင်များ ထုတ်လုပ်နေမှုအပေါ် ရပ်ကွက်နေပြည်သူများ၏ ကန့်ကွက်မှုကြောင့် ၁၈-၁-၂၀၁၂ ရက်နေ့မှာ လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၎င်းစက်ရုံအား ပိတ်သိမ်းရန် သတိပေးစာကို ၂၀-၁-၂၀၁၂ ရက်နေ့တွင် ပေးပို့အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်။ စက်ရုံတွင် တပ်ဆင်ထားသည့်စက်ပစ္စည်းများ၊ ထုတ်လုပ်ပြီးသည့်ကုန်ချောများနှင့် ကျန်ရှိကုန်ကြမ်း ပစ္စည်းများကို ၂၈-၂-၂၀၁၂ ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရေးနှင့် ပျက်စီးသွားသော ရေနံ့သာ လမ်းမကြီးကို မူလကတ္တရာလမ်းအတိုင်း Geo Tech Pie ကုမ္ပဏီလိမိတက်မှ ၃၁-၃-၂၀၁၂ ရက်နေ့ အပြီး ပြန်လည်ပြုပြင်ပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာစက်မှုဇုန်များမှာ စက်ရုံနယ်‌ြမေများအား လုံလောက်စွာ ဖော်ထုတ်နိုင်မှု၊ အ‌ြခေခံအဆောက်အဦများဖြစ်သည့် လမ်းများပြုပြင်မှု၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေသည့် အစီအမံများပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်မှုအ‌ြခေအနေများအပေါ်မူတည်၍ စက်ရုံများပြောင်းရွှေ့ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းတာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီ့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြို့တော်ကြီးများအပြင် မြို့များပါ စနစ်တကျဟန်ချက်ညီ            ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ အနေနဲ့လိုအပ်တဲ့ City Development plan နဲ့ Township Development plan တို့ကို ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ အဆိုပါ City Development plan နဲ့ Township Development plan များ ဖြစ်ပေါ် ပြဋ္ဌာန်းပြီးပါက plan များမှာ တည်နေရာချထားတဲ့အတိုင်း စက်ရုံ၊ အလုပ်ရုံများဟာလည်း အစုအဖွဲ့ အလိုက် ဖွဲ့စည်းတည်ရှိဖြစ်ပေါ်လာမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားပါသည်။