ပြည်ထဲရေးဝန်ကြီးဌာန

(ဃ)-တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည်‌့နေသော နေအိမ်လိုင်းခန်းအဆောက်အဦများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

တောင်ကုတ်မြို့၏ လူဦးရေသည် ၁၄၀၀၀၀ ကျော်ရှိပြီး တဖြည်းဖြည်းလူဦးရေ ထူထပ်လာသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထိုသို့လူဦးရေထူထပ် လာသည့်အတွက် မြို့နယ်၏လုံခြုံရေးကို ၂၄ နာရီ တာဝန်ယူထားရသော ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ရှိရန် အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်နေရာတွင် ၎င်းတို့၏ မိသားစု လုံခြုံရေးကို စိတ်ခ

(က) ယာဉ်ကြီး/ယာဉ်ငယ်ထိခိုက်မှုပြဿနာနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  မင်္ဂလာအပေါင်းနှင်‌့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးမြန်း လိုပါတယ်။

(ဂ) စက်ရုံအလုပ်ရုံများမှ ပေါက်ကွဲစေတတ်သောပစ္စည်းများနှင်‌့စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်မေးမယ့် မေးခွန်းနံပါတ်တစ် ကတော့ အားလုံးသိတဲ့အတိုင်း ပရဆေးဂိုဒေါင်ထဲက သိုလှောင်ထားတဲ့ပစ္စည်းတွေကို အကြောင်းပြုပြီး တော့ ပေါက်ကွဲမှုပြင်းထန်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် တွင် ၂၉-၁၂-၂၀၁၁ ရက်နေ့ကဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး နောင်အလားတူပေါက်ကွဲမှုဖြစ

(ဃ) မြေနုကျွန်းပြဿနာနှင့်စပ်လျဉ်းသည်‌့မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားပြီးတက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြို့နယ် အတွင်းမှာရင်ဆိုင်နေရတဲ့ မြေနုကျွန်းပြဿနာကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ မိန့်ကြားချက်အရ တိုတိုမေးရမှာဖြစ်ပေမယ့် ကျွန်တော်မေးမယ့် မြေနုကျွန်းပြဿနာဟာ ဒေသတိုင်းမှာ ဖြစ်ပေါ်နေတဲ့အနေအထားတင်မကဘဲနဲ့ လောလောဆယ်ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဖို့ ရေးဆွဲနေတဲ့ မြေယာဥပဒေမှာလည်း ဒီလိုကိ

(င)အုပ်ချုပ်ရေးကဏ္ဍနှင့်စပ်လျဉ်းသည့်မေးခွန်း

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များ အားလုံး မင်္ဂလာပါလို့ ပထမဦးဆုံး နှုတ်ခွန်းဆက်သအပ်ပါတယ်။ အချိန်ကိုလေးစားသောအနေဖြင့် ကျွန်တော်ရဲ့ မေးခွန်းကို ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော်ကတော့ ချီဖွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုံးတိန့် ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ၃၁-၃-၂၀၁၁ ရက်နေ့တွင် ကျင်းပတဲ့ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် အစိုးရသစ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governances) သန့်ရှင်းသောအစိုးရ(Clean Government) ပေါ်ပေ

(ဂ) ဘုန်းတော်တိုးရပ်ကွက် စည်ပင်သာယာနယ်နိမိတ်သတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီးရဲ့ကိုယ်စား မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဦးကိုကြီး မေးမြန်းတဲ့ မေးခွန်းကတော့ ဘုန်းတော်တိုးရပ်ကွက် စည်ပင်သာယာနယ်နိမိတ် သတ်မှတ်ခြင်းနှင့် စပ်လျဉ်းတဲ့ မေးခွန်းဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။
[ဦးကိုကြီး၊ အောင်မြေသာစံမဲဆန္ဒနယ်ကိုယ်စား ဦးသိန်းထွန်းဦး၊ အမရပူရမဲဆန္ဒနယ်မှ  မေးမြန်းပါသည်။]

(ခ) ဘာသာရေးဆိုင်ရာအခမ်းအနားများ ခွင့်ပြုမိန့်တောင်းခံခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ဘာသာရေးဆိုင်ရာအခမ်းအနားများ ခွင့်ပြုမိန့်တောင်းခံရခြင်းနှင့် စပ်လျဉ်းပြီးတော့မှ မေးမြန်းတင်ပြလိုခြင်းဖြစ်ပါတယ်။ လေးစားအပ်ပါ