(ဇ) ရေပေါက်ဝတံတားကို ပြန်လည်တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာပါခင်ဗျား။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်းသာယာရှိကြပါစေ၊ ဘေး အန္တရာယ်ကင်းရှင်းကြပါစေလို့ စေတနာဆန္ဒဖြင့် ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာဖြစ်ပါတယ်။ ရိုသေလေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးမယ့်မေးခွန်းနှင့်ပတ်သက်ပြီးတော့ အကျိုးအကြောင်း အနည်းငယ်တင်ပြလိုပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသဟာ
