နယ်စပ်ရေးရာဝန်ကြီးဌာန

(ဂ)-မယ်စဲ့မြို့နယ်၊ မယ်ဆည်နန်ကျေးရွာအုပ်စုရှိ ကျောက်စုကျေးရွာ၌ မြစ်ရေတင်စနစ်ဖြင့် ရာသီမရွေး သောက်သုံးရေရရှိရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ကျောက်စုကျေးရွာသည် နှစ်စဉ်နှင့်အမျှ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး အထူးသဖြင့် ဆောင်းနှင့်နွေရာသီများတွင် ရေလုံးဝမရရှိပါကြောင်း၊ ယခုအခါ ပွင့်လင်းရာသီ ရောက်သည်နှင့် ရေပြဿနာကို စတင်ရင်ဆိုင်ကြုံတွေ့နေရပါပြီဖြစ်ပါကြောင်း၊

(စ)-နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းလမ်းပေါ်မှ Box Culvert များအား သတ်မှတ်စံနှုန်းများအတိုင်း အသစ်ပြန်လည် ဆောင်ရွက်စေခြင်းအပြင် အခြားမည်ကဲ့သို့သော ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

(စ)-နန်းယွန်းမြို့နယ်ရှိ ရှိတ်ညို-လုံကျန်းလမ်းပေါ်မှ Box Culvert များအား သတ်မှတ်စံနှုန်းများအတိုင်း ဆောင်ရွက်ထားမှုမရှိသော Global Land ကုမ္ပဏီအား အသစ်ပြန်လည်ဆောင်ရွက်စေခြင်းအပြင် အခြားမည်ကဲ့သို့သော ထိရောက်သည့်အရေးယူမှုများ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ခ)-ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း ၁၄ မိုင်တွင် ဆက်လက် ဖောက်လုပ်ရန် ကျန်ရှိသည့် မြေသားလမ်း ၆ မိုင်နှင့် မန်ကောင်း-နော်ဝ မြေသားလမ်း ၇ မိုင်တို့အား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

(ခ)-ဝိန်းနောင်-ပန်ကြုံ-မိုက်ဟုန်း-လွယ်ကျန့်-ပန်ဝေါ့-ရောင်အူကြီး မြေသားလမ်း ၁၄ မိုင်တွင် ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိသည့် ပန်ဝေါ့-လွယ်ကျန့်-မိုက်ဟုန်း မြေသားလမ်း ၆ မိုင်နှင့် မန်ကောင်း-နော်ဝ မြေသားလမ်း ၇ မိုင်တို့အား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(င)-ပြည်သူလူထုအများဆုံး အသုံးပြုနေသည့် ဆရဲဂျာထန်ကြိုးတံတား (၁၁၀) ပေ၊ ကျီးဒူချောင်းကူး ကြိုးတံတား (၁၅၀) ပေ၊ မော်ခိုဝါကြိုးတံတား (၈၀) ပေ၊ မိုကိုဆားကြိုးတံတား (၁၄၀) ပေ တို့အား အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

(င)-ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အရေးကြီးပြီး ပြည်သူလူထုအများဆုံး အသုံးပြုနေသည့် ဆရဲဂျာထန် ကြိုးတံတား (၁၁၀) ပေ၊ ကျီးဒူချောင်းကူး ကြိုးတံတား (၁၅၀) ပေ၊ မော်ခိုဝါကြိုးတံတား (၈၀) ပေ၊ မိုကိုဆားကြိုးတံတား (၁၄၀) ပေ တို့အား အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(င) လူ ၁၀၀၀ ဆံ့မြို့နယ်ခန်းမတည်ဆောက်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့ရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘဌေးဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမှာကတော့ လေးမျက်နှာမြို့နယ်တွင် မြို့နယ် ခန်းမဆောက်လုပ်ပေးနိုင်မှု အခြေအနေရှိ၊ မရှိသိလိုခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လေးမျက်နှာ မြို့သစ်ပြောင်းရွှေ့သည်မှာ ၁၉ နှစ်ရှိပြီဖြစ်သော်လည်း မြို့နယ်ခန်းမဆောက်လုပ်ခြင်းမရှိပါ။ VIP ခရီးစဉ်တွေ့ဆုံပွ

(ဆ) အိမ်သုံးဆိုလာပြားများဝယ်ယူခြင်းအပေါ် တားမြစ်နေမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည်‌့သည်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာရိုအုပ်ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတင်ပြမှာကတော့ အိမ်သုံးဆိုလာပြား များဝယ်ယူခြင်းအပေါ် တားမြစ်နေမှုများအား ဖြေရှင်းပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့မေးခွန်းကိုစာဖြင်‌့ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်အတွင်းရှိ ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိဒ်ခေါဒါရ်၊ ထန်တလန်

(စ) ရိဒ်ခေါဒါရ်နှင့် ဖလမ်းမြို့တို့တွင် ရေရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ တီးတိန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပုမ်ခန့်အင်ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတင်ပြမှာကတော့ ရိဒ်ခေါဒါရ်နှင့် ဖလမ်း မြို့ရေရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏ မေးခွန်းကို စာဖြင့်ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့တွင် ရပ်ကွက်နှစ်ခုရှိပါတယ်။ အမှတ်(၁) ရပ်ကွက်မှာ ရိဒ်ရေကန်တည်ရှိရာနေရာဖြစ်ပါ တယ်။ အစိုးရဌာနဆိုင်ရာရုံးမျ