(ဃ)-ဆားလင်းကြီးမြို့နယ်ရှိ ငါးခုန်-ပေါင်း၀ ကျေးရွာချင်းဆက်လမ်းအား ကျောက်ခင်းလမ်း အဖြစ် အဆင့်မြှင့် ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ ငါးခုန်-ပေါင်းဝ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန်ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ၈ မြို့နယ်မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ မြို့နယ် ၄ မြို့နယ်ထဲက တစ်မြို့ဖြစ်ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးကြားမှာ တောင်ယမား ခြားနားနေပြီးတော့ ဒီခြားနား နယ်စပ်မှာရှိတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုရဲ့ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ပတ်သက်လို့ တင်ပြခြင်း လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အစိုးရအဖွဲ့အသီးသီးကန
