ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဂ)-မိုင်းတုံ-မိုင်းပန်နှင့် မိုင်းတုံ-မိုင်းဆတ်လမ်းများ ကတ္တရာခင်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်သည် နယ်စွန်နယ်ဖျားဒေသတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောမြို့နယ်တစ်ခုဖြစ်ပါတယ်။ မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုအနေနဲ့ အခြေခံ စားသောက်ကုန်များကို အလှမ်းကွာဝေးသောတောင်ကြီးမြို့မှ အဓိကမှာယူစားသုံးနေရပြီး မိုးရာသီ တွင်ခရီးသွားလာရန်ခက်ခဲသောကြောင့် မြို့နယ်ချင်းဆက်လမ်းများဖြစ်သော မိုင်းတုံ-မိုင်းပန်လမ်း ၆၆ မိုင်နှင့် မိုင်းတုံ-မိုင်းဆတ်လမ်း ၄၂ မိုင်၊ စုစုပေါင်း ၁၀၈ မိုင်ကို ရာသီမရွေးသွားလာ

(ဇ)-မြောက်ဦးဒေသရှိ ကတ္တရာလမ်းများ ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသ တွင် ယခုနှစ်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ကတ္တရာလမ်းများ ရေကြီးနစ်မြှုပ် ခြင်းနှင့် ရေတိုက်စားမှုများကြောင့် အချို့သောလမ်းများဟာ လုံးဝပျက်စီးမည့် အ‌ြခေအနေသို့ ရောက်ရှိခဲ့ပြီး အချို့လမ်းများမှာ ကြံ့ခိုင်မှုမရှိတော့ဘဲ တစ်စစီတစ်စစီ ပျက်စီးယိုယွင်းလျက်ရှိနေပါ တယ်။ အထူးသဖြင့် ရန်ကုန်‌-ြမောက်ဦး အဝေးပြေးကားဂိတ်သို့ သွားသည့်လမ်း၌ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းသို့ သွားသည့်

(င)-ရန်ကုန်-မန္တလေးလမ်းဘေးဝဲယာရှိကျေးရွာများနှင့်လမ်းဖြတ်တံတားများသို့ဆက်သွယ်သည်‌့ လမ်းများ ဖောက်လုပ်ပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အောင်မြင်စွာဖောက်လုပ်နိုင်ခြင်းဟာ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်သလို ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုအတွက်လည်း အလွန် အကျိုးရှိတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်ကြီးတစ်ခုအဖြစ်တည်ရှိနေမှာဖြစ်ပါတယ်။ ယခု ကျွန်တော်တင်ပြလိုတဲ့ကိစ္စကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ

(ခ)-မိုးကုတ်-မိုးမိတ်-မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူ-ဗန်းမော်လမ်းမကြီးကို အဆင့်မြှင့်တင်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း

မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်သို့ ဆက်သွယ် ထားသော မိုးကုတ်-မိုးမိတ်-မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူ-ဗန်းမော်လမ်းမကြီးကို နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှု ရှိသော်လည်း မိုးရာသီတွင် ဆက်သွယ်သွားလာရေးအတွက် အလွန်ခက်ခဲလှပါတယ်။ အထူးသဖြင့် မြစ်ဆုံ-မဘိမ်း-စီပိန်း-စီအူလမ်းပိုင်းတွင် သွားလာရေးပိုခက်ခဲပါတယ်။ ဤလမ်းမကြီးနှင့် ပတ်သက်၍ ရာသီမရွေးသွားလာနိုင်ပါရန် အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နည်းကို မေးမြန်းပါသည်။


 

(က)-စစ်တောင်းမြစ်ကူးတံတား ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောက်ကြီးမြို့နယ်ဟာ  ကျွန်‌တော်တို့ သောင်းကျန်းသူဘေး အန္တရာယ်ကြောင့် ‌တော်တော်လေး အတိဒုက္ခရောက်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့နှစ် အတွင်းကပဲ နိုင်ငံ‌တော်ကနေပြီးတော့ ကျွန်တော်တို့ ဒီလမ်း၊ တံတားကွန်ရက်များနဲ့ပတ်သက်လို့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိနေ တဲ့ဝေးလံခေါင်သီတဲ့ဒေသတွေနဲ့ နိုင်ငံ‌တော်ရဲ့အလယ် လမ်းမကြီးတွေကို ဆက်သွယ်နိုင်အောင်ဆိုပြီး တော့မဟ

(ဂ)-ဟားခါး-မတူပီလမ်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဟားခါး-မတူပီ လမ်း ၁၇၃ မိုင်ကို ကတ္တရာစေးလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန်ကိစ္စပဲဖြစ်ပါတယ်။ အဆိုပါလမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဟားခါး-မတူပီလမ်းဟာဆိုရင် ချင်းပြည်နယ်အလယ်ဗဟိုမှာ တည်ရှိပြီးတော့ အဲဒီလမ်းကို မှီခိုအားထားတဲ့ မြို့နယ်ခွဲအဆင်‌့ရှိ စေးခွားရွာ

(ဃ)-မန်တုံ-မိုးမိတ်၊ မန်တုံ-မိုင်းဝီး-နမ့်ခမ်း ကားလမ်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယမြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နဲ့ မန်တုံမြို့နယ်တို့ဟာ သွားရေးလာရေးခက်ခဲတဲ့ ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း တို့ကြောင့် တရားမဝင်မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကား ရာတွင် သယ်ဆောင်ဖြတ်သန်းရန် လမ်းကြောင်းသဖွယ်ဖြစ်နေသကဲ့သို့ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးများလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများ များပြားလာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကျင့်