ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသ တွင် ယခုနှစ်မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ကတ္တရာလမ်းများ ရေကြီးနစ်မြှုပ် ခြင်းနှင့် ရေတိုက်စားမှုများကြောင့် အချို့သောလမ်းများဟာ လုံးဝပျက်စီးမည့် အြခေအနေသို့ ရောက်ရှိခဲ့ပြီး အချို့လမ်းများမှာ ကြံ့ခိုင်မှုမရှိတော့ဘဲ တစ်စစီတစ်စစီ ပျက်စီးယိုယွင်းလျက်ရှိနေပါ တယ်။ အထူးသဖြင့် ရန်ကုန်-ြမောက်ဦး အဝေးပြေးကားဂိတ်သို့ သွားသည့်လမ်း၌ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းသို့ သွားသည့် အောင်မင်္ဂလာရပ်ကွက်လမ်းများမှာ ကတ္တရာမရှိသလောက် ပျက်စီးသွား ပါတယ်။ မညီမညာ ဗွက်ပေါက်နေသော ြမေသားကျောက်သားများပေါ်မှ ကားများ၊ ထော်လာဂျီများ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များ၊ အနှေးယာဉ်များ ဘယ်စောင်းညာယိမ်း သွားနေရသဖြင့် ခရီးကြန့် ကြာနှောင့်နှေးလျက်ရှိပါတယ်။ မြို့လယ်လမ်းများဖြစ်သည့် တောင်ရပ်-ရေပေါက်ဝ-ကံလှ လမ်းများ မှာလည်း ရေတိုက်စားခံရမှုကြောင့် လမ်းပျက်သွားပြီး ဟိုတစ်ကွက်ဒီတစ်ကွက် စုတ်ပြတ် နေတာလည်း ရှိနေပါတယ်။ ရန်ကုန်-မြောက်ဦး-စစ်တွေ အဝေးပြေးကားကြီးများ အဝင်အထွက်များသည့် ညောင်ပင်ဈေး၊ ကြက်ဈေးရပ်ရှိ လမ်းများမှာလည်း မိုးအဆက်မပြတ် ရွာသွန်းခံရမှုကြောင့် လည်းကောင်း၊ ကုန်ကားကြီးများ၏ အလေးချိန်ဒဏ်ကြောင့်တစ်ကြောင်း လမ်းနေရာအချို့ နိမ့်ဝင် သွားကာ ဗွက်အိုင်များ ဖြစ်ထွန်းလျက်ရှိနေပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြောက်ဦးဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာနယ်ြမေတစ်ခုဖြစ်တာကြောင့် ပုဂံဒေသကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ၊ လေ့လာသူများ၊ သုတေသီများနဲ့ စာတမ်းပြုစုပြီး ပါရဂူဘွဲ့ယူမည့်ပုဂ္ဂိုလ်များ စိတ်ဝင်တစားလာရောက်ကြသည့် ဒေသဖြစ်သောကြောင့် ြမောက်ဦးဒေသ သန့်ရှင်းသာယာလှပရေး နဲ့ လမ်းများ၊ တံတားများကောင်းမွန်ရေးမှာ မရှိမဖြစ်လိုအပ်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော် မေးမြန်းလိုတာကတော့ ရှေးဟောင်းယဉ်ကျေးမှုနယ်ြမေ ြမောက်ဦးဒေသရှိ ကတ္တရာလမ်းများ ကြံ့ခိုင်မှု မရှိဘဲ ပျက်စီးယိုယွင်းနေသည်ကို နိုင်ငံတော်မှ ရန်ပုံငွေချထားပေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်ပေး ရန်အစီအစဉ်ရှိပါသလား။ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ မင်းဘူး-အမ်း-စစ်တွေလမ်းဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသ၊ မြောက်ဦးမြို့တွင်း ဖြတ်သန်း ဖောက်လုပ်ထားတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ မြောက်ဦးမြို့ဟာ မင်းဘူး-အမ်း-စစ်တွေလမ်းရဲ့ မိုင်တိုင် ၁၁၀ မိုင် ၄ ဖာလုံရှိပြီးတော့ မြောက်ဦးမြို့နယ်အနေနဲ့လည်း ၉၉ မိုင် ၄ ဖာလုံမှနေပြီးတော့ ၁၂၈ မိုင် ၀ ဖာလုံအထိ ၂၈ မိုင် ၄ ဖာလုံ ရှည်လျားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၎င်းလမ်းပိုင်း တစ်ခုလုံးအနေနဲ့ ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ မြောက်ဦးမြို့တွင်းပိုင်းမှာ ၂၄ ပေ အကျယ် ကတ္တရာလမ်း ၄ ဖာလုံဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ်၊ မင်းဘူး-အမ်း-စစ်တွေလမ်းပိုင်းပေါ်မှာ မူလသစ်သားတံတားဟောင်းများဖြစ်တဲ့ ၁၀၀ ပေအရှည်ရှိတဲ့ အလယ် ဈေးတံတား၊ ၇၀ ပေအရှည်ရှိတဲ့ ကြက်ဈေးတံတား၊ ၆၀ ပေအရှည်ရှိတဲ့ ငွေတောင်-ပေါက် တံတားများ ကိုလည်း အမြဲတမ်းသံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ မင်းဘူး-အမ်း-စစ်တွေလမ်းရဲ့ မြောက်ဦးမြို့နယ်အနီးတစ်ဝိုက်မှာ ဆောင်ရွက်ထားချက်များကိုတင်ပြရရင် မူလကတ္တရာလမ်းဟောင်း အား လမ်းမျက်နှာပြင်အနိမ့်အမြင့်ညှိရန်အတွက် ကတ္တရာရေပိတ်လွှာ လောင်းခြင်းဟာ ၇ မိုင်နဲ့ ၂ ဖာလုံ၊ ကတ္တရာလမ်းပျက်အား ထပ်ပိုးလွှာခင်းခြင်းဟာ ၇ ဖာလုံ၊ တံတားအမှတ်၂/၁၀၄၊ ၂/၁၁၁၊ ၂/၁၀၃ တို့ကို သံကူကွန်ကရစ်တံတားအသစ်တည်ဆောက်ခြင်းက ၃ စင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနဲ့ ဆောင်ရွက်ထားတဲ့လုပ်ငန်းတွေကတော့ မြောက်ဦးမြို့နယ် အတွင်းကတ္တရာလမ်းပေါက်များ ကျောက်ဖြည့်ခြင်း၊ ဗြုံးခင်းခြင်းက ၂၂မိုင်နဲ့ ၇ ဖာလုံ၊ ကတ္တရာ လမ်း ဟောင်းအား လမ်းမျက်နှာပြင်အနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာ လောင်းခြင်းက ၆ မိုင်နဲ့ ၁ ဖာလုံ၊ မူလသစ်သားတံတားဟောင်းနေရာမှာ သံကူကွန်ကရစ်တံတားငယ် တည်ဆောက်ခြင်းဟာ ၆ စင်း ၎င်းလုပ်ငန်းများကို ယခုဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မင်းဘူး-အမ်း-စစ်တွေလမ်းဟာ ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးဖြစ်ပါတယ်။ အဆိုပါလမ်းမကြီး ဖြတ်သန်းသွားတဲ့ မြောက်ဦးမြို့နယ်လမ်းပိုင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများမှာ တင်ပြတောင်းခံပြီး လမ်းတံတားများကို ယခုထက် အဆင့်မြှင့်တင်လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
