(င)-ရေဦး-တန့်ဆည်-ကလေးဝလမ်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၉-၉-၂၀၁၁)

ရေဦး၊ တန့်ဆည်၊ ကလေးဝမြို့နယ်များကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ရေဦး-တန့်ဆည်-ကလေးဝလမ်းဟာ ၁၀၅ မိုင်  ဖာလုံရှည်ပြီး ၁၉၆၂-၁၉၆၃ မှစ၍ စတင်ဖောက်လုပ်ပြီး ၁၉၆၈-၁၉၆၉ ခုနှစ်များမှာ ရာသီမရွေး သွားလာနိုင်တဲ့လမ်းအဖြစ် ပြီးစီးခဲ့ပါတယ်။ တစ်ချိန်က အိန္ဒိယနယ်စပ်နှင့် ကူးသန်းရောင်းဝယ်ရေး အတွက် အဓိကလမ်းမကြီးဖြစ်ခဲ့ပါတယ်။ ရေဦး-တန့်ဆည်-ကလေးဝလမ်းမကြီးပေါ် မိုင်တိုင် ၈၂၊ သက္ကယ်ကျင်းရွာမှ သက္ကယ်ကျင်း-ဖောင်းပြင်၊ ဟုမ္မလင်း-ခန္တီး မဟာဗျူဟာခွဲထွက်လမ်းမကြီးလည်းရှိ ပါတယ်။ ယခုအချိန်မှာတော့ ၎င်းလမ်းများဟာ ယိုယွင်းပျက်စီးနေပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရေဦး-တန့်ဆည်-ကလေးဝလမ်းမ ကြီး ယခုထက်ပိုမိုကောင်းမွန်ပြီး ရာသီမရွေးသွားလာနိုင်အောင် ပြင်ဆင်ပေးဖို့ ဒေသခံပြည်သူများမှ မျှော်လင့်နေကြပါတယ်။ သို့ပါ၍ ၎င်းလမ်းပိုင်းအား ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။၏


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရေဦး-တန့်ဆည်-ကလေးဝလမ်းကြီးဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့၊ ဖန်းခါးစင်၊ တန့်ဆည်၊ ကဒူးမ၊ တောကျင် တို့ကိုဖြတ်သန်းသွားသော လမ်းဖြစ်ပါတယ်။ ကလေးခရိုင်မှာလည်း ပျဉ်ကိုင်း၊ သက်ကယ်ကျင်း၊ အောင်ချမ်းသာ၊ ကိုင်းရွာမှ တဆင့် ကလေးဝကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီးတော့ လမ်းဟာ ၁၀၅ မိုင်နဲ့လေးဖာလုံ ရှည်လျား ပါတယ်။ ၎င်းလမ်းပိုင်းဟာ အရှေ့အနောက်ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ အတွက် မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝလမ်းပိုင်းမှာတည်ရှိနေပါတယ်။ ၃၁--၂၀၁၁ ရက်နေ့ အထိ လမ်းအခြေအနေကတော့ ကတ္တရာလမ်းဟာ ၁၇ မိုင်နဲ့ ၆ဖာလုံ ကျောက်လမ်းဟာ ၄၀ မိုင်နဲ့  ဖာလုံ၊ အမာခံလမ်းက ၃၆ မိုင်နဲ့ ဖာလုံ၊ မြေလမ်းဟာ ၁၀ မိုင်နဲ့ ဖာလုံ စုစုပေါင်း ၁၀၅ မိုင်နဲ့ ဖာလုံ ရှိပါတယ်။ ၎င်းလမ်းပေါ်မှာ တံတားစာရင်းကတော့ ၅၀ ပေအောက်တံတား ၁၆၈ စင်း၊    ၅၀ ပေကနေ ၁၀၀ ပေအောက်ထိကတံတား ၃၉ စင်း၊ ၁၀၀ ပေမှ ၁၈၀ ပေအောက်တံတားက လေးစင်း၊ စုစုပေါင်း၂၁၁ စင်းရှိပါတယ်။

ရေဦး-တန့်ဆည်-ကလေးဝလမ်းဟာ မူလကကောင်းမွန်တဲ့လမ်းအခြေအနေရှိသော်လည်း သစ်တင်ကားများ အသွားအလာများတဲ့အတွက် မိုင် ၁၃ မိုင်(တန့်ဆည်)နဲ့မိုင် ၈၃ မိုင်(သက်ကယ်ကျင်း) အပိုင်းမှာလမ်းပုံစံလုံးဝပျောက်သွားပြီး မြေလမ်းအဆင့်ကိုရောက်သွားပါတယ်။ မိုးတွင်းမှာဗွက်ထပြီး ဆိုးရွားလျက်ရှိပါတယ်။ ယာဉ်သွားလာမှုအဆင်ပြေစေရန်နှစ်စဉ်ပွင့်လင်းရာသီရောက်တိုင်း မြေညှိစက် နဲ့မြေညှိပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယင်းလမ်းပျက်စီးမှုကြောင့် --၂၀၁၁ နေ့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ မြန်မာ့သစ်လုပ်ငန်းနဲ့ အစည်းအဝေးပြုလုပ်တဲ့ နေရာမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်သစ်ထုတ်ရာသီမှာ သစ်ကားများဟာ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ယာယီ သစ်သယ်ကားလမ်းရှာဖွေဖောက်လုပ်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်းသစ်သယ်ရန်နှင့် မြစ်ကြောင်း မှတစ်ဆင့် မီးရထားလမ်းအတိုင်း အများဆုံးသယ်ပြီးအသုံးပြုဖို့လမ်းညွှန်ထားပါတယ်။ တကယ်လို့ ၎င်းကဲ့သို့ သယ်ပို့တဲ့နေရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းများကို မလွှဲမရှောင်သာမှသာ အနည်းငယ်အသုံးပြုရန်နဲ့ အသုံးပြုပြီဆိုကလည်း ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင်လမ်းရဲ့ ဘေးယာယီ သစ်သယ်လမ်းဖောက်ပြီးတော့  သယ်ဆောင်ရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလိုလုပ်ဆောင်မှသာလျှင် လမ်းတာပေါင်တင်ခြင်း၊ လမ်းပုံပြန်ဖော်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း ကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ခွဲဝေရရှိမှုသာမန် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေအရ အောက်ပါအတိုင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ် -

ကတ္တရာလမ်းပျက်အပိုင်းအား လမ်းမျက်နှာပြင်ညှိ၍ ရေပိတ်လွှာလောင်းခြင်းက မိုင်နဲ့        ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာတင်ခြင်းက မိုင်နဲ့ ဖာလုံ၊ လမ်းချိုင့်ကြီးများအားကျောက်ဖြည့် ပြီးတော့ ဂျင်းမြေတင်ခင်းခြင်းက ၁၁ မိုင်နဲ့ ဖာလုံ၊ လမ်းသားနိမ့်ကျသွားသော အပိုင်းများအား ရွေးချယ်မြေသားများဖို့ခြင်းက ဖာလုံ၊ တောင်ပြိုမြေဖယ်ရှားခြင်းက မိုင်၊ မြင့်တက်နေသော လမ်းပခုံးများ ဖယ်ထုတ်ခြင်းက ၁၉ မိုင် ဖာလုံ၊ မြေညှိစက်ဖြင့် လမ်းပုံဖော်ခြင်းက ၂၂ မိုင်  ကျောက်များတင်ပြီး ခင်းကြိတ်ခြင်းက မိုင်၊ မိုင်တိုင် မိုင် ဖာလုံမှ မိုင်ကြားမှာ ရေတိုက်စားပြီး ပျက်စီးသွားသောအပိုင်း ပေ ၁၀၀ အရှည်အား ၂၄ ပေ အကျယ် ကွန်ကရစ်ရေကျော် တံတားပြုလုပ်ခြင်းကတစ်ခု၊ ကျောက်စီမြေကာနံရံ စုစုပေါင်းဆောက်လုပ်ခြင်းက ၃၈၅ ပေ က        ငါးခု၊ သစ်သားတံတား မြေကာနံရံအသစ် ဖောက်လုပ်ခြင်းက ၆၈၀ ပေ က ၁၄ ခု၊ သစ်သားမြေကာနံရံပြုလုပ်ခြင်း စုစုပေါင်း ၃၈၀ ပေက ၁၀ ခု၊ ၅၀ ပေအောက်သစ်သား တံတား အသစ်တည်ဆောက်ခြင်းက လေးစင်း၊ ၅၀ ပေမှ ၁၀၀ ပေအောက်သစ်သားတံတားတည်ဆောက် ခြင်းက နှစ်စင်း၊ ၅၀ ပေအောက် သစ်သားတံတားများနှင့် တိုင်စင်၊ ယက်မ၊ ကြမ်းခင်း၊ လက်ရန်း၊ ဘီးလမ်းများပြင်ဆင်ခြင်းက သုံးစင်း၊ တံတားအမှတ် /၉၃နဲ့ /၉၉ တို့ရဲ့ မြေကာနံရံနဲ့ ဘေးပေါင်များ တပ်ဆင်ခြင်းက နှစ်စင်း၊ ၁၀၀ ပေအရှည် ဘေလီတံတားပြင်ဆင်ခြင်းက နှစ်စင်း၊ ပေ x ၂၈ ပေသံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ခြင်းကတစ်စင်း၊ ၄၄ ပေအရှည်ရှိသော RSJ  အောက်ခံသစ်သားကြမ်းခင်းတံတား တည်ဆောက်ခြင်းက တစ်စင်းတို့ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်တွင်လည်းငွေလုံးငွေရင်းရန်ပုံငွေနဲ့ ပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေများ တိုးမြှင့်တောင်းခံသွားပြီး ၎င်းလမ်းကောင်းမွန်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။