ဆောက်လုပ်ရေးဝန်ကြီးဌာန

(ဃ)-ဗန်းမောက်-အင်းတော်လမ်းပိုင်းရှိ တံတားနှင့်လမ်းများနှင့် စပ်လျဉ်းသည့်မေးခွန်း

ဗန်းမောက်မြို့နယ်ဟာ ကဒူးကနန်းတိုင်းရင်းသားများ အများစုနေထိုင်ကြပြီးတော့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။ ဗန်းမောက်မြို့နယ်ဟာ ကုန်းတွင်းပိတ်မြို့နယ်ဖြစ်တဲ့အတွက် ဆက်သွယ်ရေးအနေနဲ့ ခက်ခဲပြီးတော့ ဗန်းမောက်-အင်းတော် ၂၉ မိုင်ရှည်လျားတဲ့ လမ်းကိုသာအဓိကအားထားပြီးသွားလာနေကြပါတယ်။ အဆိုပါ ၂၉ မိုင်အတွင်းမှာဆိုရင် တံတားကြီး/ငယ်ပေါင်း ၇၁ စင်းရှိပါတယ်။ ဗန်းမောက်မြို့နယ်မှာ မိုးရွာသွန်းမှုများပြားပြီး တောင်ကျချောင်းရေများပြားတဲ့အတွက်ကြောင့် မိုးရာ

(ဂ)-မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်ကိုဖြတ်သန်းဖောက်လုပ်ထားတဲ့ မုံရွာ- ယာကြီး- ကလေးဝလမ်းဟာ ၁၁၅ မိုင် ၅ ဖာလုံ ရှည်လျားပြီး အင်မတန်အရေးကြီးတဲ့ လမ်းမကြီး အပိုင်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သို့သော် လည်းပဲ ဒီလမ်းကြောင်းဟာ ပွင့်လင်းရာသီမှာသာ သွားလာနိုင်ပြီးတော့မှ တစ်နှစ်မှာခြောက်လခန့်သာ သွားလာနိုင်တဲ့အတွက် မေလနောက်ဆုံးအပတ်က နေပြီးတော့မှ နိုဝင်ဘာလနောက်ဆုံးအပတ်ထိကို ကလေးမြို့ကို မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းကနေပြီးတော့မှ မိုင် ၂၁၀ ခရီးထိဘတ်စ

(ည)-မိုင်းနောင်ကားလမ်းပြုပြင်ရန်၊ နမ့်ကတ်တံတားပြန်လည်တည်ဆောက်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လမ်းပန်းဆက်သွယ်ရေးအပေါ်မှာ များစွာ တည်မီလျက်ရှိပါတယ်။ မိုင်းရှူးမြို့မှ မိုင်းနောင်မြို့သို့ အဓိကဆက်သွယ်ထားသောလမ်းနဲ့ တံတားများမကောင်းမွန်ခြင်းကြောင့်၊ဆိုးကျိုးများကြောင့် ဒေသခံလုပ်သားပြည်သူများမှာ ယနေ့ထိတိုင် ခံစားနေကြရပါတယ်။ ယနေ့ထိ ဒေသလမ်းများမှာ ကျောက်ကြမ်းလမ်းအဆင့်လောက်သာရှိပြီး မိုင်းရှူးမြို့ အထွက် ၄ မိုင်အကွာရှိ နန့်ပန်‌ချောင်းဘေလီတံတားအမျိုးအစား၊ နမ့်ကတ်တံတားသည်လည်း ကုန်တင်ကားများဖြတ်သန်းသွာ

(ဈ)-တန့်ယန်းနှင့် မိုင်းရှုးမြို့ကြားရှိ ကျန်ရှိ‌ြမေလမ်းများအား ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်အစိုးရသည် ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ခြောက်မြို့နယ်နှင့် မြို့နယ် သုံးခုကို စုစည်း၍ ဟိုပန်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ မက်မန်းမြို့နယ်သည် “ဝ” လူမျိုး၊ ရှမ်းလူမျိုးနှင့် လားဟူ လူမျိုးစုပေါင်းနေထိုင်သော မြို့တစ်မြို့ ဖြစ်ပါတယ်။ ၂၇-၇-၂၀၁၁ ရက်နေ့တွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ခုတင် ၅၀ ဆံ့မြို့နယ် ပြည်သူ့ဆေးရုံ ဖွင့်လှစ် ခဲ့ပါတယ်။

(စ)-နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် အိမ်ရာများ အရစ်ကျရောင်းချပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်တွင် စက်မှုဇုန်များ၊ မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များ စက်မှုဆိပ်ကမ်းများနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိ ပါတယ်။ ဖွံ့ဖြိုးတိုးတက်လာမှုအရ မြို့ပြများတွင်အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အားသာချက်များကြောင့် မြို့ပြများကို အခြေချနေထိုင်ပြောင်း‌ရွှေ့မှုများဟာ တစ်နေ့တခြားတိုးတက် လာပြီးတော့မှ အိမ်ရာမဲ့များလည်းတိုးပွားလာပါတယ

(င)-မြေပုံ-မင်းပြားလမ်းအား ကတ္တရာခင်းရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

မြေပုံ-မင်းပြားကားလမ်းဟာ ၂၇ မိုင်နဲ့ ၄ ဖာလုံရှည်လျား ပြီးတော့ ရွာပေါင်း ၁၅ ရွာအပါအဝင် မြေပုံနှင့်မင်းပြားမြို့များကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။ မြေပုံမြို့ဟာ သီးခြားကျွန်းလေးတစ်ခုဖြစ်တဲ့ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်စွန်းမှာ   တည်ရှိပါတယ်။ ကြက်ဆင်ကျွန်းရဲ့တောင်ဘက်မှာ ဟန်တားပင်လယ်အော်ရှိပြီးတော့ မြောက်ဘက် မှာတော့ ကြက်ဆင်မြစ်ခြားပြီးတော့ မင်းပြားမြို့တည်ရှိပါတယ်။ လေးမြို့မြစ်ဟာ ကျွန်

(ဆ)-ကျိုင်းတုံ-မိုင်းခတ်လမ်းနှင့် မိုင်းယန်းလမ်းများ ပျက်စီးမှုနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျိုင်းတုံမြို့နဲ့ မိုင်းခတ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းသည် ၅၁ မိုင်ရှိပြီး မိုင်းခတ်မြို့မှ မိုင်းယန်းမြို့သို့ ဆက်သွယ်ထားသော ကားလမ်းဟာ ၂၂ မိုင် ကွာဝေးပါတယ်။ အားလုံး ၇၃ မိုင်ရှိပါ တယ်။ ၁၉၈၈ ခုနှစ်ကစပြီး မဟာဗျူဟာလမ်းသစ်ဖောက်လုပ်ပြီး ကျောက်ခင်းလာရာ ကျောက်ခင်း၍ မပြီးသေးသောလမ်း ၅ မိုင် ၃ ဖာလုံလောက်ကျန်ရှိသေးကြောင်းသိရှိရပါတယ်။ ယခုနှစ် နှစ်စပိုင်းက စပြီး ရှေ့ပြေးကားကြီးများ ၁၀ ဘီးကားကြီးများ အုပ်စုလိုက်

(ဃ)-ဆိပ်ဖြူ-ဆောလမ်းကို အဆင့်မြှင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဆောမြို့နယ် အထူးသဖြင့် ဂန့်ဂေါခရိုင်၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့များဟာ မကွေးတိုင်းဒေသကြီး ဆိုသော်လည်း ဧရာဝတီမြစ်အနောက်ဘက် ပုံတောင်ပုံညာတောင်တန်းကြီးနှင့် ချင်းတောင်တန်းကြီး ကြားမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အထူးနောက်ကျနေခဲ့တဲ့ ဒေသကြီးဖြစ်ပါတယ်။ ယခင် ကာလကတည်းက  လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အပြင်လူမဝင်ရဆိုသလို အတွင်းလူ မထွက်ရဆိုသကဲ့သို့ ပိတ်ဆို့နေခဲ့တဲ့ဒေသဖြစ်ပြီးမှ မျက်လှည့်ဆရာများ၊ မြွေအလမ္မာယ်