ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

(က)-ရှေ့နေလုပ်ငန်းကို မကြော်ငြာရဆိုသည့်အယူအဆကို ပြန်လည်စိစစ်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

၁၉၆၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ(၂၀၈) ရှေ့နေကြီးဦးအောင်သိန်းအမှုတွင် မိမိ၏ အမည်ပါလိပ်စာကတ်ပြားများကို မိမိ၏တပည့်များမှတစ်ဆင့် ကမ်းလှမ်းဝေငှခြင်း၊ မိမိ၏လုပ်ငန်းကို ကြော်ငြာခြင်း၊ အမှုသည်ကို တပည့်များမှ ဖိတ်ခေါ်ခြင်း၊ အမှုသည်ကို တပည့်များနှင့်လွှဲအပ်ကာ မိမိ၏ အမည်သုံးစေခြင်းတို့ကို ရှေ့နေများ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာနှင့်ညီစေဆိုပြီး သုံးသပ်၍ ရှေ့နေများ ကြော်ငြာသည့်လုပ်ငန်းကို တားမြစ်ထားသောစီရင်ထုံးတစ်ခု ဖြ

(ခ)-ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄(က)အရ စွဲဆိုထားသောအမှုများကို ကျေအေးခွင့်၊ ရုတ်သိမ်းခွင့်မပြုရန် ညွှန်ကြားထားသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ (က) သည် ယာဉ် တိုက်မှုဖြစ်ရာတွင် လူသေမှုဖြစ်သဖြင့် တရားစွဲဆိုအရေးယူသည့်အမှု ဖြစ်ပြီး အဆိုပါအမှုများသည် မတော်တဆဖြစ်သော အမှုအမျိုး အစားဖြစ်ပါသည်။ သေစေရန်ရည်ညွှန်း၍သော်လည်း၊ ထိခိုက်ဒဏ်ရာ ရစေရန်ရည်ရွယ်၍သော်လည်း ကောင်းဖြစ်ပွားသော အမှုမျိုးမဟုတ်ပါ။ ဒဏ်ရာရခြင်း၊ သေဆုံးခြင်း များမှာလည်း ယာဉ်မောင်းသူတစ်ဦးတည်းရဲ့ အပြစ်သာ ဖြစ်သည်ဟု မဆိုနိုင်သကဲ့သို့ ယခုအခါ ဆိုင်ကယ်မောင်းသူတို့၏ မဆင်မခြင်စီးနင်းမောင်းနှင်ခြင်း၊ လမ်းသွားလမ်းလာ လူအချို့မှာလည်း ယာဉ်ကြောကိုဂရုမစိုက်ခြင်း၊ မူယစ်သောက်စား၍ သွားလာခြင်းများလည်း ရှိတတ်ပါတယ်။ ယခုအခါ အဆိုပါပြစ်မှုဥပဒေပုဒ်မ ၃၀၄

(က)-ဟန်ဆောင်စာချုပ်များနှင့်ပတ်သက်သည့်မေးခွန်း ၈ ခုနှင့်စပ်လျဉ်းသည့်မေးခွန်း

ဟန်ဆောင်စာချုပ် များနဲ့ပတ်သက်တဲ့မေးခွန်း ၈ ခုအကြောင်းဖြစ်ပါတယ်။ ဒီမေးခွန်းကို မေးမြန်းရတဲ့ရည်ရွယ်ချက် ကတော့ ဒီကနေ့ ကျွန်မတို့နိုင်ငံမှာ လွှတ်တော်ပေါ်လာတာလည်း နှစ်နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ အချို့ဥပဒေများဟာဆိုရင် အားနည်းချက်အများကြီးရှိပါတယ်။ အဲ့ဒီတော့ ဥပဒေ များရဲ့အားနည်းချက် ဟာကွက်တွေများကြောင့်မို့ ပြည်သူလူထုတွေနစ်နာမှု မရှိစေရေးအတွက် ရည်ရွယ်ပြီးမှ ဒီမေးခွန်းကို မေးရခြင်းဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါတယ်။

(စ)ဦးဝင်းကို၊ ဆီဆိုင် မဲဆန္ဒနယ်၏ ဆီဆိုင်မြို့နယ်၊ တရားရုံးဝန်ထမ်း အိမ်ရာများပျက်စီး ယိုယွင်း၍ နေမရဖြစ်နေပါသဖြင့် သင့်လျော်သော အိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ သစ်ဆီသို့လျှောက်လှမ်းရာမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုသော မဏ္ဍိုင်ကြီး ၃ ရပ် ဖိုခနောက်ဒေါက်ညီမှသာ အလျင်အမြန်ရောက်ရှိမည်ဟု ကျွန်တော့်အနေနဲ့ယုံကြည်မိပါတယ်။ မည်သည့်မဏ္ဍိုင်မှာမဆိုပါဝင်နေကြတဲ့ ဝန်ထမ်းများလည်း ဘက်စုံအရည်အချင်းရှိတဲ့လူတော် လူကောင်းဖြစ်ဖို့လည်းလိုပါတယ်။ ဝန်ထမ်းများလည်း အူမတောင့်မှ သီလစောင့်နိုင်မည်ဖြစ်တဲ့အတွက် ဝန်ထမ်းများ လူမှုဘဝပြည့်စုံကြဖို့သည် ကျွန်တော်တို့တစ်တွေတာဝန်များဖြစ်ကြပါတယ်။ သန့်ရှင်း ကောင်းမွန်သည့် ပြည်သူယုံကြည်လေးစားသော အစိုးရဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါ တယ်။ လေးစားအပ်ပ