(ဃ) အခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေနှင့် အမိန့်၊ ညွှန်ကြားချက်များအား ပြည်သူများအလွယ်တကူ သိရှိနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ ဖာဆောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်တင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ပြည်သူများကိုယ်စား အခွန်ဆိုင်ရာဥပဒေများနှင့် ပတ်သက်တဲ့ မေးခွန်းမေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံပိုင် ငွေကြေးအင်အားတောင့်တင်းဖို့လိုအပ်ပါတယ်။ နိုင်ငံပိုင်ငွေကြေးအများစုကို အခွန်ရငွေများမှ ရရှိခြင်းဖြစ်ပါတယ်။ နိုင်ငံသားတိုင်
