အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် (၁၀)နှစ်နှင့်အထက်ရှိပြီးအပြစ်မရှိဘဲအကြောင်း အမျိုးမျိုးကြောင့် နှုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန် ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ/မရှိ အစီအစဉ်နှင့် စပ်လျဉ်းသည့် မေးခွန်း
အချို့ သောဌာနဆိုင်ရာဝန်ထမ်းများမှာ ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော် ၏ ကျေးဇူး သစ္စာကို စောင့်သိ ရိုသေလျက် အထက်ကပေးအပ်သည့် တာဝန် ဝတ္တရားများကို မခိုမကပ်ဘဲ ကြည်ဖြူစွာ ထမ်းဆောင်ခဲ့ကြ ပါကြောင်း၊ ၎င်းတို့ရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့မှုများကြောင့် နိုင်ငံတော်က ချီးမြှင့်သော ဂုဏ်ထူးဆောင် တံဆိပ်နဲ့ လက်မှတ်များကိုလည်း ရရှိခဲ့ကြပါကြောင်း၊ သို့ရာတွင် တာဝန် ထမ်းဆောင်စဉ်မှာ မိသားစုများနှင့် ကာလကြာရှည်စွာ ခွဲခွာနေရခြင်းကြောင့်သော်လည်းကောင်း၊ မိသားစုစားဝတ်နေရေး ခက်ခဲမှုများကြောင့် သော် လည်းကောင်း၊ အုပ်ချုပ်သူအထက်အရာရှိများ၏ မလျော်သြဇာသုံးပြီး မတော်မတရား ခိုင်းစေမှုများကြောင့်သော
