ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(င)-ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်မြို့၊ မြို့ပတ်ရထားလမ်း၏ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာကြား မီးရထားလမ်းသည် မြေသားတမံသဖွယ်ရေစီးဆင်းမှုအား ပိတ်ဆို့နေသည့်အတွက် ရပ်ကွက်(၇)ရပ်ကွက်မှ ပြည်သူသုံးသောင်းခန့် နှစ်စဉ်ရေဝပ်သည့်ဒဏ်ကို ခံစားနေရပါ၍ ခရေပင်လမ်းမကြီး၏ တောင်ဘက်နှင့်မြောက်ဘက် တစ်ဖက်စီတွင် မီးရထားလမ်းအောက်မှ ရေထွက်အားကောင်းမွန်သည့် မြောင်းများဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

(ဂ)-နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်း ဆုံနေရာမှ ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်၊(၅.၅၃) မိုင်ရေတိမ်ကောမှုအား သဲနုန်း တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား စီစဉ်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ပန်ချောင်းသည် နှစ်စဉ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်း ဆုံနေရာမှ ကန်မောက်လျံရွာအထိ ပေ ၃ သောင်းခန့်၊(၅.၅၃) မိုင်ရေတိမ်ကောမှုအား သဲနုန်း တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(စ)- e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

အသိပညာ၊ အတတ်ပညာနှင့်စာတမ်းများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မှီငြမ်းမှုများ ရယူ ဆောင်ရွက်နိုင်သည့် e-Learning အတွက် Internet Access ကို အဆင်ပြေပြေကုန်ကျစရိတ် နည်းပါးစွာနှင့် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

(ဆ) GSM / CDMA တာဝါတိုင်းလွှင့်စက်တပ်ဆင်ထားမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ၍ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့် အနေနဲ့ မဲဆန္ဒရှင်လုပ်သားပြည်သူများကိုယ်စား GSM သို့မဟုတ် CDMA တာဝါတိုင်လွှင့်စက်

(ဈ) GSM သို့မဟုတ် CDMA တာဝါတိုင်ထုတ်လွှင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ယွန်းမွန်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မက်မန်းမြို့နယ် သည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော မြို့နယ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက IP Star ပြုလုပ် ထားသော်လည်း တ

(ဇ) Phone Bill ဆောင်နိုင်သော ရုံးတစ်ရုံးဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကြယ်ပွင့်ပြမေးခွန်းအား ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျား။

(ည) GSM / CDMA ဖုန်းတပ်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစီခန်ရမ်ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့် အနေနဲ့ ခေါင်လန်ဖူးမြို့နယ်တွင်  CDMA/GSM ဖုန်းတပ်ဆင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းတင်ပြ လိုပါတယ်။

(င)ခရီးသည်တင်လေယာဉ်ငယ်များနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်မြို့နယ် အတွက် ဒုတိယမေးခွန်းတစ်ခုကို မေးခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း၊ ပြည်မြို့မှာ လေယာဉ်ကွင်းတစ်ကွင်းရှိပါတယ်။ အဲဒီလေယာဉ်ကွင်းကို ၁၉၅၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၆၈ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၆၉ ခုနှစ်မှာတစ်ကြိမ် လေယာဉ်လမ်းတွေ ကို တိုးချဲ့ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဲဒီလေယာဉ်လမ်းတွေဟာ အလျား ၄၅၀၀ ပေ၊ အကျယ် ၃၅၀၀ ပေဖြစ်ပြီးတော့ ‌ြမေလမ်းရဲ့ခံနိုင်အားဟာ ၄၅၀၀၀ PSI  ရှိတဲ့အတွက် ဖော်ကာအက်ဖ်-၂၇ အမျိုးအစားလေယာဉ်များအထိ ဆင်းသက်နိုင်ကြောင်း သိရှိရပါတယ်။ ယခုအခါ ယင်းလေယာဉ် ကွင်းကို အရေးကြီးပု

(ဆ)မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြား၍တက်ရောက်လာကြသော ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာဟာ မြင်းခြံမြို့နှင့် ၂၉ မိုင် ကွာဝေးပါတယ်။ ရပ်ကွက် ၁၁ ခုရှိပြီးတော့ ဧရာဝတီမြစ်ကမ်းရဲ့အရှေ့ဘက်ရှိ၊ မြင်းခြံမြို့ရဲ့ မြောက်ဖျားဆုံးကျေးရွာဖြစ်ပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရန်ကုန်-မန္တလေးခရီးစဉ်၊ မန္တလေး-ညောင်ဦးခရီးစဉ်၊ ကသာ-ရန်ကုန်ခရီးစဉ်ဈေးသ‌င်္ဘောကြီးများ၊ ခရီး

(စ)ချမ်းမြသာစည်လေယာဉ်ကွင်းကြီးနှင့်စပ်လျဉ်းသည့်မေးခွန်း

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီးများ မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါရစေ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့           ချမ်းမြသာစည်‌လေယာဉ်ကွင်းအကြောင်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းဟာ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ရှိပြီးတော့ ကွင်းရဲ့အနောက် ဘက်မှာ ရန်ကုန်-မန္တလေးလမ်း သို့မဟုတ် ၇၈ လမ်း၊ အရှေ့ဘက်မှာ စို