စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(စ)-ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့အလွဲသုံးစား မပြုလုပ်နိုင်ရန် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ် ကာကွယ်ပေးပြီး ဒေသခံပြည်သူစားဝတ်နေရေးအတွက် မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(င)-တမူးမြို့နယ်၊ အင်ဒိုင်းအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာနေပြည်သူများအတွက် လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခွင့်ရရှိရန် စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တမူးမြို့နယ်၊ ရန်ငြိမ်းအောင်ကျေးရွာကို ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်၏ နယ်စပ်ဒေသလုံခြုံရေးအတွက် စီမံချက်ဖြင့် ပြောင်းရွှေ့နေရာချထားပြီး အသစ်တည်ဆောက်ခဲ့သည့် ကျေးရွာလေးဖြစ်ပါကြောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ်အနီး တည်ရှိခြင်းဖြစ်ပါကြောင်း၊ လူဦးရေသုံးရာခန့်ရှိပြီး ၎င်းကျေးရွာအသစ်တွင် နေထိုင်မည့် ပြည်သူများကို နေအိမ်တစ်လုံး၊ ခိုင်းနွားတစ်ရှဉ်း၊ လယ်ယာမြေနှစ်ဧက၊ တောရိုင်းမြေငါးဧကတို့ကို ပေးပြီးမှ ပြောင်းရွှေ့နေထိုင်
Pagination
- Previous page
- Page 15
- Next page
