ကာကွယ်ရေးဝန်ကြီးဌာန

(ဂ)-ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းသည့် အခြေခံရမည့်မူ ရှိ၊ မရှိ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်အားအမှုဖွင့်လျှင် ရဲစခန်းမှ အရေးယူနိုင်ရန်တည်ဆဲသီးခြားဥပဒေ ရှိပါသလား နှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဒေသ ကျေးရွာဒေသတချို့တွေမှာ လူထုကနေ ပြီးတော့ ပြည်သူ့စစ်ကိစ္စနှင့်ပတ်သက်ပြီးတင်ပြချက်များရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမေးခွန်းမေးမြန်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အကြောင်းအရင်းကတော့ ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ပုံဟိုး ကျေးရွာအုပ်စု၊ မိုင်းလျော့ကျေးရွာအုပ်စုနှင့် မိုင်းတင်းကျေးရွာအုပ်စုဒေသတွေမှာ ဒေသခံပြည်သူလူထု တွေ တင်ပြချက်အရ ကျေးရွာဒေသပြည်သူ့စစ်တပ်ဖွဲ့များကို ပြည်သူ့ရဲ့ သဘောဆန္ဒမပါဘဲ ဖွဲ့စည်းခဲ့ခြင်း၊ အဲ့ဒီအဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် အတင်းအဓမ္မငွေကြေးကောက်ခံမှုများရှိနေ ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပြည်သူများတင်ပြချက်အရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်

ဝေးလံ ခေါင်သီသော ဒေသများတွင် အခြေပြု ထားသောတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သား များနှင့် မသန်စွမ်း စစ်သည် (အငြိမ်းစား) များ အတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့မှုများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဖာပွန်ဒေသကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင်ရှိကြ သည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် နယ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခုအခါ ဒေသရှားပါး စရိတ် ရရှိခံစားကြနေပြီဖြစ်သည့်အတွက် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေနေကြပြီဟုဆိုနိုင်သော်လည်း ဝေးလံခေါင်သီသော  ဒေသတွင်ရှိသော ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက် ရှိ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် တပ်မတော်သားများသည် ဒေသစရိတ်၊ ရှားပါးစရိတ်ကို ခံစား ခွင့်မရရှိ ခဲ့ကြပါ ကြောင်း၊  ၂၀၀၃ ခုနှစ် မတိုင်မီ အဆိုပါဒေသမျိုးတွင်ရှိသော တပ်မတော် သားများ၏ မှီခိုသူမိသားစုဝင်များကို  ဆန်၊ ဆီ၊ ပဲ၊ ဆား အစရှိသော မိသားစုရိက္ခာ၊ ယူနစ်ရိက္ခာအဖြစ် ထုတ်ပေးခဲ့သော်

မဟာဘွဲ့ရအရည်အချင်းပြည့်မီသောအချို့ အရာရှိ စစ်သည်များကို နိုင်ငံ့ဝန်ထမ်းများကဲ့သို့ ဘွဲ့လွန်ဒီဂရီ သင်တန်းများတက်ရောက် သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဝေးလံခေါင်သီသော သွားလာမှုခက်ခဲသည့် နေရာဒေသ အသီးသီးတို့တွင် နိုင်ငံ တာဝန်များကို ထမ်းဆောင်လျက်ရှိသော အခြေစိုက်တပ်မတော်၊ တပ်ရင်းများရှိ  တပ်မတော်သားများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ အခြားနိုင်ငံ့ ဝန်ထမ်းနည်းတူ ယင်းဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကဲ့သို့ အပိုလစာ၊ ငွေကြေးခံစားခွင့်မရရှိသည့်အတွက် ယခင် ကဒေသများ တွင် ထမ်းဆောင်ကြသော တပ်မတော်သားများအတွက်ပေးသော အပိုရိက္ခာများကဲ့သို့ ယခုထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ တပ် မတော်သား များ၏ ဥပဓိရုပ် ပိုမို ကောင်းမွန်စေရန် အဆင်မြင့်စစ်ဝတ် တန်ဆာများ ကို ထုတ်ပေးနိုင်ခြင်းရှိ/မရှိန