မဟာဘွဲ့ရအရည်အချင်းပြည့်မီသောအချို့ အရာရှိ စစ်သည်များကို နိုင်ငံ့ဝန်ထမ်းများကဲ့သို့ ဘွဲ့လွန်ဒီဂရီ သင်တန်းများတက်ရောက် သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဝေးလံခေါင်သီသော သွားလာမှုခက်ခဲသည့် နေရာဒေသ အသီးသီးတို့တွင် နိုင်ငံ တာဝန်များကို ထမ်းဆောင်လျက်ရှိသော အခြေစိုက်တပ်မတော်၊ တပ်ရင်းများရှိ  တပ်မတော်သားများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ အခြားနိုင်ငံ့ ဝန်ထမ်းနည်းတူ ယင်းဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကဲ့သို့ အပိုလစာ၊ ငွေကြေးခံစားခွင့်မရရှိသည့်အတွက် ယခင် ကဒေသများ တွင် ထမ်းဆောင်ကြသော တပ်မတော်သားများအတွက်ပေးသော အပိုရိက္ခာများကဲ့သို့ ယခုထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ တပ် မတော်သား များ၏ ဥပဓိရုပ် ပိုမို ကောင်းမွန်စေရန် အဆင်မြင့်စစ်ဝတ် တန်ဆာများ ကို ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် တပ်မတော်သားများထဲမှ အရာရှိ စစ်သည်အချို့ သည် ပညာရေးမြင့်မားပြီး မဟာဘွဲ့ အတွက် အရည်အချင်းပြည့်မီသူများရှိရာ ဘွဲ့လွန်ဒီဂရီများကို တက်ရောက်သင်ယူ ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ သိရှိလို မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်စသော ဗိုလ်သင် တန်းကျောင်းအသီးသီးမှ မဟာအဆင့်မီသူ များကို သက်ဆိုင်ရာဘွဲ့လွန် သင်တန်း များသို့ တက်ရောက်စေလျက်ရှိရာတွင် အဆင့်မီသူအရာရှိများကိုသာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သက်ဆိုင်ရာတက္ကသိုလ်များတွင် ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ဆောင်ရွက်ခြင်း အောင်မြင်မှသာ မဟာဘွဲ့သင်တန်းများကို တက်ရောက်ခွင်‌့ပြုစေခြင်းဖြစ်ပါကြောင်း၊  တပ်မတော်အနေဖြင့် ပြည်တွင်းပြည်ပ တက္ကသိုလ်များတွင် အဆင့်မြင့်ပညာသင်ကြားမှုနှင့် ပတ်သက်ပြီး Ph.D ဘွဲ့ရသူ များအနေနှင့် ပြည်တွင်းပြည်ပမှ ဝိဇ္ဇာ/သိပ္ပံ ဘွဲ့ ၁၅၃ ဦး၊ ကွန်ပျူတာ သိပ္ပံဘွဲ့ ၈၁ ဦး၊ အင်ဂျင်နီယာ ၈၉ ဦး၊ ဆေးပညာဘွဲ့ ၁၀၀ ဦး၊ စိတ်ပညာဘွဲ့ ၃ ဦး၊ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ ၁ ဦး၊ စုစုပေါင်း Ph.D ဘွဲ့ရ ၄၂၇ ဦး၊  ပြည်တွင်းပြည်ပ မဟာဘွဲ့ရဦးရေသည် ဝိဇ္ဇာ/သိပ္ပံ ၃၆၉၅ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ ၂၃၀၃ ဦး၊ အင်ဂျင်နီယာဘွဲ့ ၈၇၇ ဦး၊ ဆေးပညာ ဘွဲ့ ၁၂၉၃ ဦး၊ ဥပဒေဘွဲ့ ၂၅ ဦး၊ စိတ်ပညာဘွဲ့ ၈ ဦး၊ စီးပွားရေး ဘွဲ့ ၇ ဦး၊ နိုင်ငံတကာဆက်ဆံရေးဘွဲ့ ၆ ဦး၊ စုစုပေါင်း ၈၂၁၄ ဦး၊ Ph.D တက်ရောက်ဆဲဦးရေသည် ဝိဇ္ဇာ/သိပ္ပံဘွဲ့  ၁၃၂ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ ၁၂၇ ဦး၊ အင်ဂျင်နီယာဘွဲ့ ၇၀ ဦး၊ ဆေးပညာဘွဲ့ ၄၉ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၅ ဦး၊ ဥပဒေဘွဲ့ ၁၃ ဦး၊ စိတ်ပညာဘွဲ့ ၁ ဦး၊ စုစုပေါင်း ၃၉၇ ဦး၊  မဟာဘွဲ့တက်ရောက်ဆဲဦးရေသည် ပြည်တွင်းပြည်ပ ဝိဇ္ဇာ/သိပ္ပံဘွဲ့၆၅၇ ဦး၊ ကွန်ပျူတာသိပ္ပံ ၃၅၁ ဦး၊ အင်ဂျင်နီယာဘွဲ့ ၁၉၆ ဦး၊ ဆေးပညာ ဘွဲ့ ၅၄၃ ဦး၊ သူနာပြုသိပ္ပံ ၃၉ ဦး၊ စိတ်ပညာဘွဲ့ ၁ ဦး၊ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ ၃ ဦး၊ စုစုပေါင်း ၁၇၉၀ ဦး၊ အချုပ်တင်ပြရလျှင် Doctor of Science ဘွဲ့ တက်ရောက်ဆဲဦးရေသည် ပြည်ပတွင် ၈ ဦး၊  Ph.D နှင့် မဟာဘွဲ့ရပြီးသူ ၈၆၄၁ ဦး၊ Ph.D နှင့် မဟာဘွဲ့ တက်ရောက်ဆဲ ၂၁၈၇ ဦး၊ စုစုပေါင်း ၁၀၈၃၆ ဦးဖြစ်ပါကြောင်း၊ ထို့အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)များအတွက် လိုအပ်သော စစ်ဝတ် တန်ဆာပစ္စည်းများကို တပ်မတော်စက်ရုံများမှ တာဝန်ယူ ထုတ်လုပ်ပေးလျက်ရှိသည့်အတွက် တပ်မတော်စက်ရုံများအား အဆင့်မြှင့်တင်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် တပ်မတော် မိုးရေကာဖျင် စက်ရုံ၊ ၂၀၁၂ ခုနှစ်တွင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)၊ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ တပ်မတော် ဖိနပ်စက်ရုံတို့ကို အဆင့်မြှင့်တင်ပြီး ထုတ်ကုန်များကို စတင်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ တပ်မတော် စစ်သည်များ အတွက် ဇင်ပိတ်ဖြင့် ချုပ်လုပ်သော အရည်အသွေးပိုမိုကောင်းမွန်သည့် ပီစီဆူတင် ၃၀၀ ဒီ စစ် ဝတ်စုံနှင့် ဇင်ဆယ် လူသာ စစ်ဝတ်စုံများကို ထုတ်ပေးလျက်ရှိပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများအတွက် Polyester  ၁၀၀ ရာခိုင်နှုန်း ပါဝင်သော စစ်ဝတ်စုံများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း၊  ထို့ကြောင့် စစ်ဦးထုပ်များ၊ စွယ်တာ အင်္ကျီများ အရည်အသွေးပိုမိုကောင်းမွန်စေရန် ချည်သား ပြောင်းလဲချုပ်လုပ်ခြင်း၊ စစ်သုံးဂျာဂင်များကို အရည် အသွေး ကောင်းမွန်စွာချုပ်လုပ်ပြီး အအေးပိုင်းဒေသများ သတ်မှတ်ကာ ဦးစားပေးအစီအစဉ်အရ ထုတ်ပေးခြင်း များ ဆောင်ရွက် လျက်ရှိသည့်အပြင် စစ်ဖိနပ် (အနက်)၊ တောစီးဖိနပ်၊ ရှူးဖိနပ်များကိုလည်း အရည် အသွေးမြှင့်တင်၍ နိုင်ငံတကာအဆင့်မီ ချုပ်လုပ်ခြင်းများဆောင်ရွက်ပြီး စစ်သည်များအား ထုတ်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတကာမှ ထုတ်လုပ်သော စစ်ဝတ် တန်ဆာနမူနာများကိုလည်း လေ့လာပြီး မိမိ၏စစ်ဝတ်တန်ဆာ ပလာပစ္စည်းများကို စဉ်ဆက်မပြတ် သုတေသနပြုလုပ် ဆောင်ရွက်၍ အရည်အ‌သွေးပိုမို ကောင်းမွန်စေရေးကို အစဉ်မပြတ် ကြိုးပမ်းလျက်ရှိပါကြောင်း ဖြေကြားပါသည်။