သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာလိုင်း တစ်လျှောက်ရှိကျေးရွာများ၊ ခြံမြေ၊ လယ်မြေ၊ သစ်တောများနှင့် ပြည်သူများဘေး အန္တရာယ် ကင်းဝေးစေရေး လုံခြုံမှုအကာအကွယ် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝဓာတ်ငွေ့တွင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များကို ကျောက်ဖြူမြို့မှ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်သို့ ပိုက်လိုင်းသွယ်တန်း တပ်ဆင်ခဲ့ပါကြောင်း၊ သဘာဝဓာတ်ငေ့ွ ပိုက်များ သွယ်တန်းဖောက်လုပ်ရာတွင် ပိုက်လိုင်းထည့်သွင်းမည့် မြေအနက်သည့် ၁၅ ပေနှင့် အသုံးပြုသောပိုက်၏ အထူသည်လည်း အနည်းဆုံး ၃ လက်မရှိရမည်ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ သို့သော် ပြည်သူများ၏ ပြောကြားချက်အရ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် မြေအနက် ၆ ပေခန့်နှင့် ပိုက်၏အထူသည့်လည်း ခန့်မှန်းခြေ ၁.၅ လက်မအထူသာ ရှိ
