နိုင်ငံတော်ကချပေးတဲ့ရန်ပုံငွေနဲ့ လမ်း။တံတား၊ ရေရရှိရေး၊ အိမ်ရာ ဆောက်လုပ်ရေး၊ မီးလင်းရေးစတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွင့်ပြုတဲ့လုပ်ငန်းတွေ ကိုဝန်ကြီးဌာနအစီအစဉ်နဲ့ လုပ်ငန်းအပ်နှံဆောင်ရွက်စေတဲ့စနစ်နဲ့လုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိတဲ့ ကုမ္ပဏီများက ဆောင်ရွက်တဲ့လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည် အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးကို မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်ပြီး သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိတဲ့ကုမ္ပဏီများ၊ ပြည်သူ များထိခိုက်နစ်နာမှုဖြစ်အောင် ဆောင်ရွက်တဲ့ကုမ္ပဏီများကို မည်ကဲ့သို့ ကြပ်မတ်အရေးယူဆောင်ရွက် မည်။ မိုင်းရယ်မြို့နယ် မန်ကျောင်းကျေးရွာအတွက် ကျေးလက်လမ်းဖောက်လုပ်ရန် မြေထိုးခြင်းများ ကြောင့် မိုင်းဟတ်ကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာနှင့် ဟွေကုပ်ကျေးရွာအတွင်းရှိ လယ်မြေများ အားရေပေးဝေတဲ့ ချောင်းမကြီးပိတ်ဆို့သွားခြင်းအား လယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရေး မည်ကဲ့ သို့ပြန်လည်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။
ပထမမေးခွန်းဖြစ်တဲ့
နိုင်ငံတော်မှချပေး သည့်ရန်ပုံငွေဖြင့် လမ်း။တံတား၊ ရေရရှိရေး၊ အိမ်ရာဆောက်လုပ်ရေး၊ မီးလင်းရေးစသည့် ကျေးလက် ဒေသဖံှ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသော ကုမ္ပဏီများက ဆောင်ရွက်သော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေး ကို မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်သည် ဆိုသည့်မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားမှာဖြစ်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်မှ ချမှတ်ပေးသောမူအရ ဒေသခံပြည်သူများ အလုပ် အကိုင်ရရှိရေး၊ အစိုးရတာဝန်ယူဆောင်ရွက်မှုကဏ္ဍကို ပုဂ္ဂလိကအခန်းကဏ္ဍ ပိုမိုပါဝင်လာစေရေး ဦးစားပေးဆောင်ရွက်သွားရန်ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါများ ခေါ်ယူပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်ကာ လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ပါတယ်။ သို့ဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖံှ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းမှာ ပြည်နယ်နှင့်တိုင်းဒေသရဲ့ ကျေးလက်ဒေသ လမ်း။တံတား၊ ရေပေးရေး၊ မီးလင်းရေးနှင့် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ဖို့အတွက် တင်ဒါစစ်ဆေးရေးဗဟိုအဖွဲ့မှ အိတ်ဖွင့်စနစ်ဖြင့် တိုင်းရင်းသားလုပ်ငန်း ရှင်များကို လုပ်ငန်းအပ်နှံစာချုပ်ချုပ်ခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုရာတွင်လည်း သက်ဆိုင်ရာလုပ်ငန်း အလိုက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများအတိုင်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျ သတ်မှတ်ပြီးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် နိုင်ရေးနှင့် အချိန်မီပြီးစီးရေးအတွက် ကျေးလက်ဒေသဖံံှ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ၉ ဖွဲ့ကိုဖွဲ့စည်းပြီး အဆိုပါအဖွဲ့များနဲ့ လုပ်ငန်းအထောက်အကူပြုစေရန် ပြည်နယ်။ တိုင်းဒေသကြီးမှ စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း ပါဝင်သောလုပ်ငန်း ပြီးစီးမှုစစ်ဆေးရေးအဖွဲ့နှင့် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း တင်ပြအပ်ပါတယ်။ ရှမ်းပြည်နယ်အတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျေးလက်ဒေသဖံှ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် မြို့နယ်ပေါင်း ၂၆ ခုတွင် ကုမ္ပဏီအသီးသီးမှ ဆောင်ရွက်ခဲ့သောလုပ်ငန်းများမှာ လမ်းပိုင်းအနေဖြင့် ကတ္တရာ လမ်းပိုင်းမိုင် ၃၀၊ ကျောက်လမ်း ၂၆ မိုင်၊ မြေသားလမ်းမိုင် ၅၀ ဖြစ်ပြီးတော့ သစ်သားတံတားပေပေါင်း ၇၆၀၊ ရေပြွန်ပေါင်း ၂၆၀ ရှိပြီး စုစုပေါင်းခွင့်ပြုငွေကျပ် ၄၀၈၂.၉၃၁ သန်းအနက် လုပ်ငန်းပြီးစီးမှုမှာ ဇွန်လအထိ ၈၇ ရာခိုင်နှုန်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ ကျေးလက်ဒေသရေရရှိရေးလုပ်ငန်း များကို စိမ့်စမ်းရေသွယ်လုပ်ငန်း ၃၀ အတွက် ခွင့်ပြုရန်ပုံငွေ ၄၃၇.၀၀ သန်းနဲ့ ပြီးစီးမှုရာခိုင်နှုန်း အားဖြင့် ၉၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကျေးလက်မီးလင်းရေးအနေနဲ့ကတော့ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်၊ ကျေးရွာ ၂၉ ရွာ၊ အကျိုးပြု အိမ်ခြေ ၂၀၇၉ ခု အိမ်ခြေနဲ့ အကျိုးပြု လူဦးရေပေါင်း ၁၀၆၇၉ ရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံး မီးလင်းရေးကိုလုပ်ငန်း ၂၀၇၉ ခု အတွက် ကုန်ကျငွေ ၄၁၅.၈ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာမှာ လုပ်ငန်းပြီးစီးမှုဟာ ၁၀၀ ရာခိုင်နှုန်းရှိခဲ့ ပြီးဖြစ်ပါတယ်။
ဒီစစ်ဆေးရေးအဖွဲ့များအနေနဲ့ အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးချက်နှင့်အတူ ငွေများပေးချေရာမှာ ပထမအရစ် ၂၀ ရာခိုင်နှုန်း၊ ဒုတိယအရစ် ၃၀ ရာခိုင်နှုန်း၊ တတိယအရစ် ၃၀ ရာခိုင်နှုန်းနှင့် နောက်ဆုံးအဆင့်မှာ ၂၀ ရာခိုင်နှုန်း ပေးချေခဲ့ပါတယ်။ ဒီလိုပေးချေရာမှာလည်းပဲ တတိယအရစ်နှင့် စတုတ္ထအရစ်ပေးချေရာမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီး တစ်ဦးရဲ့ ထောက်ခံချက်များရရှိပြီးတော့ပေးစေခြင်းဖြင့် လုပ်ငန်းအရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီ ပြီးစီးရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေရှင်းတင်ပြအပ်ပါတယ်။
နောက်တစ်ချက်ကတော့ စံချိန်စံညွှန်းမပြည့်ဝ၊ အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီး အောင်ဆောင်ရွက်ခြင်းမရှိတဲ့ ကုမ္ပဏီများနှင့်စပ်လျဉ်းလို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာဆောင်ရွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီးတော့ အမြဲကြပ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ သတ်မှတ်ပုံစံနှင့်မကိုက်ညီလျှင်သော်လည်းကောင်း၊ စံချိန်စံညွှန်းနှင့်မကိုက် ညီသောပစ္စည်းများ အသုံးပြုလျှင်သော်လည်းကောင်း စစ်ဆေးတွေ့ရှိရပါက စစ်ဆေးရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း အသစ်ပြန်လည်ပြုလုပ်စေခြင်း၊ ပစ္စည်းများလဲလှယ်ခြင်း၊ လုပ်ငန်းလက်ခံသူမှ သတ်မှတ်ထားတဲ့ စီမံကိန်းကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက အာမခံထားရှိသည့် ငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းနှင့် ဒဏ်ကြေးငွေများပေးဆောင်ခြင်း၊ ၅ နှစ် ကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်က ကုမ္ပဏီများမှ မိမိတို့စရိတ်များဖြင့် ပြန်လည်ပြုပြင်စေခြင်း စသည့် ကြပ်မတ်အရေးယူခြင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖြေရှင်းတင်ပြအပ်ပါတယ်။
နောက်ဆုံးမေးခွန်းဖြစ်တဲ့ မန်ကျောင်းကျေးရွာအတွက် ကျေးလက်လမ်းဖောက်လုပ်ရန် မြေထိုး ခြင်းကြောင့် မန်ကောင်းကျေးရွာနှင့် ဟွေကုပ်ကျေးရွာအတွင်းလယ်များ ရေပေးဝေသည့် မြောင်းမကြီး ပိတ်ဆို့သွားခြင်းအား လယ်မြေများ စိုက်ပျိုးနိုင်ရေး မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည် မေးခွန်းနဲ့ပတ်သက်၍ မိုင်းရယ်မြို့နယ်၊ မိုင်းဟ-မန်မုံ-မန်ကျောင်းကျေးရွာဆက်လမ်း ၄ မိုင် ဖောက်လုပ်ခြင်း ကုန်ကျငွေ ၄၉.၂ သန်းနှင့် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲမှာ လျာထား ခြင်းဖြစ်ပါတယ်။ အဆိုပါလမ်းပေါ်မှာ ၃ ပေ ထ ၃ ပေ ထ ၂၄ ပေ Rဃ ဩထခကူလနမအ ၁ စင်း၊ ၅ ပေ ထ ၅ ပေ ထ ၂၄ ပေ Rဃ ဩထခကူလနမအ ၁ စင်းနဲ့ သံကူကွန်ကရစ်တံတား ၁ စင်း၊ ၁၀ ပေ သံကူကွန်ကရစ် တံတား ၃ စင်းနဲ့ ရေပြွန် ၁၀စင်း ဆောက်လုပ်ရန် လိုအပ်လျက်ရှိပါတယ်။ ဒီရေပြွန်များဆောင်ရွက်မယ့် ကုန်ကျငွေအားလုံးပေါင်းကလည်းပဲ ၅၅.၄ သန်း လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ ကျေးလက်လမ်း ပေါ်မှာရှိတဲ့ ရေးပေးဝေသည့်လမ်းကြောင်း ပိတ်ဆို့ခြင်းနှင့်စပ်လျဉ်း၍ အဓိကလိုအပ်သော ရေပြွန် Rဃ ဩထခကူလနမအ ၁ စင်းဆောက်လုပ်လျက်ရှိပြီးတော့ ကျန်တဲ့ ရေပြွန်များတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ဆက်လက်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ခုနက ဝန်ကြီးဖြေဆိုသွားတဲ့အထဲမှာ နောက်ဆုံးမေးခွန်းဖြစ်တဲ့ လယ်ရေပေးရေးကိစ္စတွေမှာ ပိတ်ဆို့သွားတဲ့ကိစ္စတွေကို ပြန်လည်ပြင်ဆင်ဖို့၊ ရေပြွန်တွေလုပ်ဆောင်ပေးဖို့ ၂၀၁၄-၂၀၁၅ မှာ လုပ်ပေးမယ်လို့ဖြေကြားသွားပါတယ်။ အခုလက်ရှိအခြေအနေအရ လယ်သမားတွေက စိုက်ပျိုးရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အချိန်မှာ ဘယ်လိုမျိုးများဆောင်ရွက်ပေးပါမလဲ။ အခု တင်ပြချက်အရ သူတို့ဆက်လက်ပြီးစိုက်ပျိုးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့် ချက်ချင်းဖြေရှင်းပေးဖို့ တင်ပြထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်အနေနဲ့ ကုမ္ပဏီကလာရောက်ကြည့်ရှုပြီးတော့ မိုးကျ နေလို့ လုပ်ဆောင်လို့မရပါဘူးဆိုပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပြောပြီး ပြန်သွားတယ်လို့သိရပါ တယ်။ ဒါ့ကြောင့်မို့လို့ တောင်သူလယ်သမားတွေ ဒီနှစ်အမီစိုက်ပျိုးနိုင်ဖို့ ဘယ်လိုမျိုးများဆောင်ရွက် ပေးမလဲဆိုတာသိရှိလိုပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း
ကိုယ်စားလှယ်တော်ကြီး ပြန်လည်တင်ပြချက်ကိုလည်း ကျွန်တော်မှတ်သားထားပြီးတော့ ဒီနှစ်အတွင်းစိုက်ပျိုးနိုင်ရေးအတွက် ကိုလည်း ဦးစားပေးလုပ်ရမည့်လုပ်ငန်းကို ကွင်းဆင်းပါ့မယ်။ ဒါ ကုမ္ပဏီတွေကမလုပ်နိုင်တဲ့အပိုင်းရှိလို့ ရှိရင်လည်း ကျွန်တော်တို့ဝန်ကြီးဌာနကပူးပေါင်းပြီးတော့ အလေးထားပြီးတော့ ပူးပေါင်းဆောင်ရွက် ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
