ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(င)-၂၀၁၃-၂၀၁၄ ခုနှစ်အတွက် အသစ်တိုးချဲ့ ဖွင့်လှစ်လိုသည့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမ ၂ ဦး တိုးချဲ့ခန့်ထားပေးရန်၊ လိုအပ်သည့် ကျန်းမာရေး ဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့အား မည်သို့စီစဉ်ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသ

(ဃ)-ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်း၊ ဆရာဝန်များနှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်တွင်  ကျန်းမာရေးသည် အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ အမျိုးသားအရင်းအမြစ်တို့၏ စွမ်းဆောင်ရည် မြင့်မားမှုကိုဖြစ်ပေါ်မှာဖြစ်ပါတယ်။ ယခုအခါ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရရှိနေသော်လည်း ပြည်နယ်တစ်ခုအဆင့်အတန်းမပြည့်စုံပါ။ ချင်းပြည်နယ်မြို့တော်တွင် မျက်စိအထူးကုပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ၊ ကလေးအထူးကုပါရဂူ၊ အခြား အထူးကုပါရဂူများ လုံလောက် စွာမရှိပါ။ ပြည်နယ်အစိုးရဝန်ကြီးများ

(စ)-ကျောက်ကြီးမြို့နယ်ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း

ကျောက်ကြီးမြို့နယ်မှာ လူဦးရေတစ်သိန်းကျော်ရှိပါတယ်။ ကရင်အမျိုးသားများ၊ ရှမ်းအမျိုးသားများနဲ့ ဗမာအမျိုးသားများ စည်းလုံးညီညွတ်စွာနဲ့ နေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့လေးခုမှာ မှီခိုနေတဲ့ မိသားစုများဟာ မြို့နယ်ဆေးရုံကို မှီခိုနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ တိုက်နယ် ဆေးရုံနှစ်ခုနဲ့ မြို့နယ်ဆေးရုံတစ်ခုရှိပါတယ်။ မြို့နယ်ဆေးရုံမှာဆိုလို့ရှိရင် ဆရာဝန

(ဂ)-ဖယ်ခုံပြည်သူ့ဆေးရုံပြုပြင်ရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်သည် လူဦးရေ တစ်သိန်း နီးပါးနေထိုင်ပြီး မြို့နယ် ၇ မြို့နယ်နှင့် ဆက်စပ်လျက်ရှိပါသည်။ ဒေသခံပြည်သူများနှင့် နီးစပ်ရာရှိမြို့နယ်များမှ တိုင်းရင်းသားပြည်သူများသည် ဖယ်ခုံမြို့နယ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေး ဆေးကုသမှုများ ခံယူလျက်ရှိပါသည်။ အဆိုပါ မြို့နယ် ပြည်သူ့ဆေးရုံကြီးအား ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးခန့် ကြာမြင့်ခဲ့ပြီးဖြစ်ပါ သဖြင့် ပြုပြင်ရန် သို့မဟုတ် အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လ

(က)-ကျောက်ဖြူခရိုင်ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန်တစ်ဦး ခန့်ထားရေးကို ကူညီဆောင်ရွက်ပေးရန် နှင့်စပ်လျဉ်းသည့်မေးခွန်း

ခရိုင်ဆေးရုံကြီးအကြောင်းနှင့် ပတ်သက်ပြီးတော့ နည်းနည်း လေးပြောပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးကို ၁၉၆၆ ခုနှစ်က ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ခဲ့ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၄၆ နှစ် သက်တမ်းရှိပါပြီ။ ခရိုင်ဆေးရုံကြီးကို ၁၉၈၈ ခုနှစ်အထိ အများပြည်သူတွေ အထူးအားကိုးခဲ့ကြပါတယ်။ ကျောက်ဖြူ ခရိုင်ဆေးရုံကြီးမှာ ခွဲစိတ်အထူးကု ဒေါက်တာဦးညီလင်း၊ ဆေးဝါးအထူးကုသမားတော် ဒေါက်တာ ဦးစောဝင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့စေတနာဆရာဝန်ကြီးတွေအ

(စ)-မိုင်းယန်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးခန့်ထားပေးရန်နှင့်စပ်လျဉ်းသည်‌့ မေးခွန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးခန့်ထားသော်လည်း ပြောင်းရွှေ့သွားသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ယခုအခါတွင် ပြည်သူများအနေဖြင့် သွားဘက်ဆိုင်ရာဆရာဝန်မရှိသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လိုအပ်နေပါသောကြောင့် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးအား ခန့်ထားပေးရန် အစီအစဉ်ရှိ၊မရှိနှင့် မရှိပါကမည်သည

(င)-ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်တိုက်နယ်ဆေးရုံနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ကျုံပျောမြို့နယ်၊ ဒိုက်ပျက်တိုက်နယ်ဟာ ကျုံပျော်မြို့ရဲ့မြောက်ဘက်ဆုံးမှာတည်ရှိပြီး သွားလာရေး အလွန်ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒိုက်ပျက်တိုက်နယ်မှာ ဒေသန္တရကျန်းမာရေးဌာနတစ်ခုကို ၁၉၇၈ ခုနှစ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဆေးကုသမှုရရှိနိုင်စေဖို့ ၁၉၉၁ ခုနှစ် မှစပြီး ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ကြတာ အကြမ်းထည်ပင်မဆောင်၊ အမျိုးသမီးဆောင်၊ အမျိုးသားဆောင်နဲ့ ခွဲစိတ်ဆောင်ပါဝင်တဲ့ ဖွဲ့စည်းပုံမ

(ဃ)-ကန်ဘက်ကျေးရွာအုပ်စုတွင်တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ကန်ဘက်ကျေးရွာအုပ်စုဟာ လပွတ္တာမြို့နယ်၊ အရှေ့တောင်ဘက်ရွေးမြစ်နဲ့ ပြန်မလော့မြစ်ကြားမှာ တည်ရှိပြီးတော့ လပွတ္တာမြို့အနီးဆုံးဆေးရုံတွေနဲ့လည်း ၁၅ မိုင်လောက်ဝေးပါတယ်။ ရာသီဥတု သာယာပါက လပွတ္တာမြို့ကိုရေယာဉ်များဖြင့် သုံးနာရီလောက်သွားရပြီး လှိုင်းလေကြမ်းတမ်းပါက ငါးနာရီ၊ ခြောက်နာရီလောက်သွားရတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကန်ဘက်ကျေးရွာအုပ်စုကို ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုကြီးပေါင်း ၁၃ စုနဲ့ဝိုင်းရံထားပြီးတော့ ကန်ဘက်ကျေးရွ