ပညာရေးဝန်ကြီးဌာန

(ဃ)-အခြေခံပညာအလယ်တန်း သို့မဟုတ် အထက်တန်းတွင် ဒီမိုကရေစီစနစ်နှင့် လွှတ်တော်အခန်း ကဏ္ဍတို့အား သင်ရိုးညွှန်းတမ်းတွင်ပြဋ္ဌာန်း၍ သင်ကြားသွားရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဃ)-ကျောက်ပန်းတောင်းမြို့နယ်ရှိ လေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

လေးရွာ အ.ထ.က(ခွဲ)ကျောင်းသည် မိမိတို့မြို့ရှိ အကြီးဆုံးရပ်ကွက်ဖြစ်သော သာယာအေး ရပ်ကွက်အတွင်းရှိသည့် ကျောင်း ဖြစ်ပါကြောင်း၊  သာယာအေးရပ်ကွက်တွင်အိမ်ခြေ ၂၀၀၀ ကျော်ရှိပါကြောင်း၊ လေးရွာကျောင်း၏ ပတ်ချာလည် ၃ မိုင်၊ ၄ မိုင်အတွင်းတွင် ကျေးရွာပေါင်း ၁၂ ရွာရှိပြီး ၎င်းရွာများမှ ကျောင်းသူကျောင်းသားများလည်း ထိုကျောင်း ကိုပဲ အနီးဆုံးအနေဖြင့် မှီခိုရပါကြောင်း၊&nbsp

(ဆ)-ထီးလင်းမြို့ အ.ထ.က တွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာခြောက်ဦးအား ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ထီးလင်း မြို့နယ် အ.ထ.က ကျောင်းတွင် ကျောင်းသားဦးရေ စုစုပေါင်း ၁၁၅၈ ယောက်ရှိပြီး အထက်တန်း ကျောင်းသားဦးရေ ၄၇၆ ဦးပညာသင်ကြားလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းတွင် တန်းခွဲ ၁၀ ခုရှိပြီး ဘာသာတွဲအားဖြင့် အတွဲ ၇၊ အတွဲ ၁၊ အတွဲ ၂ ဟူ၍ အတွဲသုံးတွဲရှိပြီး လက်ရှိအထက်တန်းပြဆရာ ၁၀ ဦးသာရှိသောကြောင့် မည်သို့မျှအဆင်ပြေပြေ သင်ကြား ပေးနို

(င)-ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဝါးကျွန်းတွင်းကျေးရွာ တွဲဖက်အခြေခံပညာမူလတန်း ကျောင်း(ခွဲ)အား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပညာရေးနှင့်ပတ်သက်၍ မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် နိုင်ငံတိုင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရန်အတွက် စီမံကိန်းများချပြီး လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း လူ့စွမ်းအားအရင်း

(ဆ)-မြန်မာနိုင်ငံတစ်ဝန်းမြို့နယ်များရှိ အ.ထ.က ကျောင်းများတွင် အားကစားလေ့ကျင့်ရေးပစ္စည်းများ ကို ထားရှိဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် အထက်တန်းကျောင်းများတွင် အားကစားလေ့ကျင့်ရေး ပစ္စည်းများကို ထားရှိဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါမေးခွန်းကို မေးမြန်းရခြင်းအကြောင်းအရင်းမှာ ယခင်ပညာရေးစနစ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းများတွင် အားကစားပြုလုပ်ရမည့်အချိန်များကို ထည့်သွင်း ထား

(ခ)-ဒလမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်အသစ်(၂၀၀ x ၃၀) ပေ နှစ်ထပ်ဆောင်နှင့် ညောင်ပင်ကျေးရွာအုပ်စု၊ ဂတ်ရွာတွင်မူလတန်းကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒလမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ၂၀၀၆ ဦးရှိပြီး စာသင်ခန်း ၂၂ ခန်း ရှိပါကြောင်း၊ သို့သော် စာသင်ခန်းတစ်ခန်းသည် ကျောင်းသား ၄၀ ကျော်သာ သင်ကြားနိုင်သော်လည်း လက်တွေ့တွင် ကျောင်းသူကျောင်းသား ၈၀ ကျော်နှင့် ကြပ်တည်းစွာ ပညာသင်ကြားနေကြရပါကြောင်း၊  အဓိကပြဿနာမှာ ကျောင်းသား ဦးရေနှင့် စာသင်ခန်း မလုံလောက်ခြင်းကြေ

(က)-အလယ်တန်းပြရာထူးတိုးမြှင့်ပေးရာတွင် P.P.T.T နှင့် D.T.Ed လက်မှတ်ရများ၏ ရာထူးတိုး အခွင့်အရေးကို မျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ဆရာဆရာမ များ၏ တွေ့ဆုံပွဲများကို မြို့နယ်အလိုက် ဆောင်ရွက်ခဲ့ရာ အခြေခံပညာ ဆရာ/ဆရာမများမှ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အလယ်တန်းပြ ရာထူးတိုးစာရင်းသည် D.T.Ed လက်မှတ်ရ ဆရာမများအနေဖြင့် ရာထူးတိုးစနစ် နစ်နာမှုများစွာ ရှိနေသဖြင့် တရားမျှတစွာ ဆောင်ရွက်ပေးစေလိုသည်ဟု တင်ပြခဲ့သည်ဟု သိရှိရကြောင်း၊ အလ