ပညာရေးဝန်ကြီးဌာန
(ခ)-မောင်တောမြို့၊ လေးမိုင်ရပ်ကွက်ရှိ အ.လ.က(၂)အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(၂)ကို ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အ.မ.က လေးမိုင် အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် မူလတန်းလွန်ကျောင်း၊ ၁၉၈၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ အလယ်တန်း ကျောင်းအဆင့်အထိ ဖွင့်လှစ်ခွင့် ရရှိခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှ ယနေ့ထိ အ.ထ.က(ခွဲ)အဖြစ် ဖွင့်လှစ်ထားသည့် ကျောင်း ဖြစ်ပါကြောင်း၊ ပ
(ဃ)-ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ တည်ဆောက်ရေးလုပ်ငန်းများတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိ၍အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ အတွင်းခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက် နိုင်ခြင်းမရှိ၍ ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ပြန်လည်ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပေး ခဲ့သော Type-C ယာယီကျောင်းဆောင်များအား အပြီးသတ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
၎င်းမေးခွန်းကို (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ကတည်းက တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ခုမှနောက်ကျပြီးမေးဖြစ်တာ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ၂၀၁၇-၁၈ ခုနှစ်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်များတွင် Type-C အဆင့်ကျောင်းဆောင် ၁၄၁ ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါ ကြ
(စ)- သင်ရိုးညွှန်းတမ်းများကို ပုံနှိပ် စာအုပ်များရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန့်ဝေသုံးစွဲနိုင်ရန် မူဝါဒ အစီအမံများစတင်ရေးဆွဲပြီး အဆင့်လိုက်အကောင်အထည် ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထားသည့် ပညာရေးအသုံးစရိတ်များကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် ပြဋ္ဌာန်
(ဆ)-ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေရွာအုပ်စု၊ ထနောင်းကုန်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ်သို့ ၂၀၂၀-၂၁ ပညာသင်နှစ်အမီ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ပခုက္ကူမြို့နယ်၊ တင်းဂါတ် ကျေရွာအုပ်စု၊ ထနောင်းကုန်း ကျေးရွာသည် အိမ်ခြေ ၁၄၅ အိမ်နှင့် လူဦးရေ ၆၁၅ ဦး ရှိပါကြောင်း၊ ၎င်းရွာတွင် အမှတ်(၁၇၉) မူလတန်း ထနောင်းကုန်း ကျောင်းသည် ၂-၈-၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၃ နှစ်ကြာပြီးသည့် အချိန်တွင် မူလတန်းကျောင်းအဖြစ် တည်ရှိနေခြင်းမှ ၁၉-၅-၂၀၀၄ ခုနှစ်တွင် ဆက်လက်ပြီး မူလတန်း
(င)-မာန်အောင်မြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားရန် လိုအပ်လျက်ရှိသော ဆရာဆရာမများအား ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝေးလံခေါင်သီဒေသအဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားပြီး ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်အတွင်းတွင် နေထိုင်ကြသည့် ပြည်သူများသည် ဆင်းရဲကြသော်လည်း မိမိတို့၏ သားများ၊သမီးများကို အသိပညာရှိစေရန် ကျောင်းထားကြ ပါကြောင်း၊ ပညာရေးကိုလည်း အထူးအလေးထား အားပေးကြပါကြောင်း၊
(စ)-ငပုတောမြို့နယ်တွင် အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေနှင့် စာသင်ခန်းအချိုး မညီမျှသော အခြေခံပညာကျောင်းများကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် ထည့်သွင်းတည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ငပုတောမြို့နယ်အတွင်း အန္တရာယ်ရှိကျောင်းများနှင့် ကျောင်းသားဦးရေနှင့် စာသင်ခန်း အချိုးအစားမညီမျှသည့် အခြေခံပညာကျောင်းများကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်တွင် ထည့်သွင်း လျာထား တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိကို သိလိုခြင်းနှင့်စပ်လျဉ်းပြီး မေးမြန်းမည့် မေးခွန်း ဖြစ်ပါကြောင်း၊
(င)-စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအား သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျောင်းနေရာရွှေ့၍ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသည့် စစ်ကိုင်းတောင်နှင့် ဧရာဝတီ မြစ်အကြား၊ စစ်ကိုင်းတောင် အရှေ့ဘက်ကမ်းပါးတွင် တည်ရှိပြီး စစ်ကိုင်းမြို့မှ ၎င်းရွာသို့ ရောက်အောင်သွားရန် အလွန်ပင်ခက်ခဲပြီး လမ်းများသည် ကောင်းမွန်ခြင်း မရှိသေးပါကြောင်း၊ ရွာသူ ရွာသားများသည် လုပ်စားကိုင်စားအခွင့်အလမ်း ရှားပါးလှပြီး အရှေ့တွင် ဧရာဝတီမြစ်၊ အနောက်
Pagination
- Previous page
- Page 7
- Next page
