ပညာရေးဝန်ကြီးဌာန

(ခ)-စာသင်ကျောင်းများ အဆင့်တိုးမြှင့် ပေးရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ အောက်ပါစာသင်ကျောင်းများအား အဆင့် တိုးမြှင်‌့ပေးရန် တင်ပြခဲ့ပါတယ်။ အထက်တန်းကျောင်းခွဲ ကတုတ်ဘုရားကြီးအား အထက်တန်း ကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ သရက်တောရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ အလယ်တန်းကျောင်းခွဲ မင်္ဂလွန်းရွာအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလ တန်းလွန်ကျောင်း အမှတ်(၆) မင်းတဲစုအား အလယ်တန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်း ခွဲ ပုလိပ်ကွင်းရွာအား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မြို့သစ်(က) အား မူလတန်းကျောင်းသို့ လည်းကောင်း၊ မူလတန်းကျောင်းခွဲ မလေးတကောင်းအား မူလတန

(ဂ)-ပညာသင်ဆုများကို ကြီးကြပ်စစ်ဆေးခြင်းများ နှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော် အစိုးရအနေနဲ့ ပညာရေးကဏ္ဍ အထူးမြင့်မားတိုးတက်စေရန်နှင့် ပညာတော်ပြီးဆင်းရဲသော ပညာဆက်လက်မသင် နိုင်သော ကျောင်းသူကျောင်းသားများအတွက် ပညာသင်ဆုအား မူလတန်းအဆင့်တွင် ၁၀၀၀၀ ကျပ်၊ အလယ်တန်းအဆင့်တွင် ၁၅၀၀၀ ကျပ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၂-၂၀၁၃ ပညာရေး နှစ်မှစတင်၍ ပေးအပ်မည်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ အဆိုပါပညာသင်ဆုများကို မြို့နယ်တိုင်းတွင် ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း အဆိုပါပညာသင်ဆုအတွက်ရရှိမည့် ကျောင်းသူ ကျောင်းသားမှာ မူလတန်းအောင်အဆင့်တွင် တစ်ဦးနှင့် အလယ်တန်းအောင်အဆင့်တွင်တစ်ဦး၊ စုစုပေါင်းနှစ်ဦးအတွက်ချီးမ

(ဃ)-အခြေခံပညာကျောင်း အဆောက်အဦ များအား ထိန်းသိမ်းပေးနိုင်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

ရခိုင်ပြည်နယ် တစ်ခုလုံးသည် ပင်လယ်ဆားငန်ရေ အမြဲတမ်း ပြည့်လျှံပြီး ရာသီဥတုပြင်းထန်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတို့ကို မကြာခဏ ခံစားနေကြရပါတယ်။ ၂၀၁၀ခုနှစ်ကကဲ့သို့ ဂီရိမုန်တိုင်း တိုက်ခတ်၍ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လေမုန်တိုင်း အဖျားခတ်ခံရတဲ့ ကျွန်တော်တို့ မာန်အောင်ကျွန်းဒေသ ဗုဒ္ဓဘာသာ သီးသန့်ကျွန်းကလေးကိုပဲ မူလတန်းကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းတို့မှာ သွပ်ပြားများ လွင့်ပါသွားခဲ့ပြီး သွပ်အချပ်ပေါင်း ၁၆၀ ကျော် ပျောက်ဆုံးပျက်စီးခဲ့

(ဂ)-မြောက်ဦးမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ကို အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

မြောက်ဦးမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရေးနဲ့ စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ၊ ပညာရေးဝန်ကြီးဌာန ၊ အမှတ်(၁)အခြေခံပညာဦးစီး ဌာနမှ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီ လ ၁၈ ရက် နေ့စွဲပါ စာအမှတ်၊ ဌာနခွဲ(၁-ခ)/၃၁၂/ကျောင်းတိုး (၂၀၁၁) ဖြင့် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင်‌့လှစ်ခွင့် ပြုထားပြီးဖြစ်ကြောင်း သိရှိရပါသဖြင့် ကျွန်တော့်မေးခွန်းကို မေးမြန်းရန် မလိုတော့ကြောင်း တင်ပြအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြောက်ဦးမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းကို အ

(ခ)-တိုင်းရင်းသားစာပေတစ်ခု ကို ပူးတွဲသင်ကြားစေသည့် ဥပဒေတစ်ရပ် ရေးဆွဲအကောင်အထည် ဖော်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိကြရာ အများအားဖြင့် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတို့ရှိကြပါတယ်။ယခုအခါအစိုးရစာသင်ကျောင်းများတွင် စာပေစတင်သင်ကြားရာ၌ မိခင်ဘာသာ စာပေဖြင့် ပူးတွဲသင်ကြားခွင့် မရကြ‌သောကြောင့် တိုင်းရင်းသားကလေးသူငယ်များ စာတတ်မြောက်မှုနှုန်းမှာ များစွာနည်းပါးနေပါတယ်။ မိမိတို့ စာပေကို လေးစားတန်ဖိုးထားလျက် သင်ကြားမှုမရှိလျှင် စာပေရော လူမျိုးပါ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို  စိုးရိမ်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ

(င)-ရခိုင်ပြည်နယ်၏ တောင်ဘက်ခြမ်း မြို့နယ်များအတွက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (သို့မဟုတ်) ကောလိပ် တစ်ခုဖွင့်လှစ်ပေးနိုင်ရေး နှင့်စပ်လျဉ်းသည့်မေးခွန်း

မာန်အောင်ကျွန်းဟာ အခြား မြို့နယ်များနဲ့လည်းကောင်း၊ ပြည်မနဲ့ လည်းကောင်း ကုန်းလမ်း၊ လေလမ်းများ ဆက်သွယ်မှုမရှိ၍ ရေကြောင်းလမ်းတစ်ခုကိုသာ အားကိုး အားထားပြုနေရပါတယ်။ မိုးဦးနဲ့မိုးကာလများ၌ လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်များကြောင့် မည်သည့်နေရာသို့မျှ မသွားရဲကြဘဲ တံခါးပိတ်ပြီးနေရတဲ့ အ‌ြခေအနေတွေ ကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများနဲ့ အဝေးသင်ပညာရေး ကျောင်းသူ ကျောင်းသားများမှာ ပြည်နယ်ရဲ့မြောက်ဖက်အစွန်းမှာရှိတဲ့ စစ်တွေမြို့ကို သွားကာကျောင်းတက်ရတဲ့ အတွက်ကြောင့် သွားရေးလာရေး

(စ)-တက္ကသိုလ်များတွင် အဆင့်မီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ယခုအခါမှာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှာ ကျောင်းသား ကျောင်းသူများအတွက် ပြင်ပမှာ အဆောင်များ ငှားရမ်းနေထိုင်ရတဲ့ အတွက်ကြောင့် မိဘများမှာ ကျောင်းသား ကျောင်းသူများရဲ့ လူမှုဘဝ လုံခြုံရေး မရှိဘူးလို့ ခံစားနေရပါတယ်။ ပြင်ပအဆောင်တွေမှာ ကျောင်းသား ကျောင်းသူများအား စည်းကမ်း ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ကျောင်းသား ကျောင်းသူများအတွက် လူမှုရေး အန္တရာယ်၊ မူယစ်ဆေး အန္တရာယ ် ရှိသဖြင့် မိဘများ စိတ်ပူတာကြောင့် မဲဆန္ဒရှင်မိဘပြည်သူများမှ တင်ပြလာပါသဖြင့် နောက်ပိုင်းတွင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများအတွက် စည်းကမ်းတကျ အဆင့် မီသော ဘော်ဒါဆောင်မျာ

(င)-ဟားခါးမြို့တွင် တက္ကသိုလ်ကျောင်း အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ချင်းပြည်နယ်သည် အခြားပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုထဲမှာ ချင်းပြည်နယ်မှာ တက္ကသိုလ်ကျောင်း မရှိသေးပါရှင့်။ ချင်းပြည်နယ်အတွက် ကလေးတက္ကသိုလ်ကောလိပ် ဖွင့်ပေးတယ်လို့ ကြားသိရပါတယ်ရှင့်။ ကလေးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားများအတွက် အကျိုးမပြုပါ။ ကလေးမြို့မှာ ကျောင်းသားတစ်ဦးကို လစဉ် ငွေ ၃ သိန်း ပေးပို့နိုင်တဲ့ သားသမီးသာ တက်နိုင်ပြီး ဆင်းရဲတဲ့ သားသမီးများအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ ဆင်းရဲတဲ့ကလေးများကို ကိုယ့်အိမ် ကိုယ့်မိသားစုနှင့် တက်နိုင်ရန် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် တက္ကသိုလ်ကျောင်း အမြန်ဆုံး ဖွင့်ပေးနိုင်ပါရန်

(ခ)-အခြေခံပညာအထက်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော အစ္စလာမ်ဘာသာဝင် ကျောင်းသား/ကျောင်းသူများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်များမှ အခြေခံပညာအထက်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူအများစုသည် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ တက်ရောက်ရန် အမှတ်မီသော်လည်း တက်ရောက်ခွင့်မရရှိကြသဖြင့် သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူအတွက်ရော နိုင်ငံတော်အတွက်ပါ များစွာ နစ်နာဆုံးရှုံးရပါသည်။ ထို့အတူ ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း အလားတူ နစ်နာဆုံးရှုံးမှုများရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ အသက