မြောက်ဦးမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရေးနဲ့ စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ၊ ပညာရေးဝန်ကြီးဌာန ၊ အမှတ်(၁)အခြေခံပညာဦးစီး ဌာနမှ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီ လ ၁၈ ရက် နေ့စွဲပါ စာအမှတ်၊ ဌာနခွဲ(၁-ခ)/၃၁၂/ကျောင်းတိုး (၂၀၁၁) ဖြင့် အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ပြုထားပြီးဖြစ်ကြောင်း သိရှိရပါသဖြင့် ကျွန်တော့်မေးခွန်းကို မေးမြန်းရန် မလိုတော့ကြောင်း တင်ပြအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြောက်ဦးမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းကို အထက်တန်း ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး၊ ကူညီပံ့ပိုးပေးတဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီးတို့အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်းသာက ကျွန်တော့်ရဲ့ကိုယ်စား ဖြေကြားပေးသွားတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျောင်းကိုလည်း စိစစ်ပြီးပြီဖြစ်ကြောင်း ထပ်မံအတည်ပြု ဖြေကြားခဲ့ပါသည်။
