ဆောက်လုပ်ရေးဝန်ကြီးဌာန

(င)-ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ကို ဆက်သွယ်သော ထိပ်စွန်း-သုံးခွ၊ လပွတ္တာလမ်းပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ကျန်ရှိနေသေးသော မြေသားလမ်း (၅) မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် ဖောက်လုပ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့ကို ဆက်သွယ်သော ထိပ်စွန်း-သုံးခွ (ကျောက်ဖျာလေး) လပွတ္တာလမ်းပေါ်ရှိ ရေပေါ်ကြီးမှ သစ်ပုတ်ထိပ်ကမ်းအထိ ဖောက်လုပ်ရန် ကျန်ရှိနေသေးသော မြေသားလမ်း(၅)မိုင်ကို လာမည့်ဘတ်ဂျက်နှစ်တွင် စတင်ဖောက်လုပ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

(ဆ)-ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း မြင့်ဂါ-ဖားဒူကားလမ်းပေါ် ငရုတ်ချောင်းကျေးရွာအနီးရှိ ချောင်းကိုဖြတ်၍ သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

မေးခွန်း၏ ရည်ရွယ်ချက်က ဖော်ပြပါနေရာတွင် RC တံတား ခိုင်ခိုင်မာမာတစ်စင်း ရရှိရန် နောက်တစ်ချက်က ပြည်ထောင်စု၊ ပြည်နယ်အစိုးရရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ဆိုသည့် အခြေအနေက စိတ်မချရသဖြင့် ပြည်ထောင်စုရန်ပုံငွေ ထဲကပေးပါဆိုသည့် အချက်ကို ကြိုတင်အစီရင်ခံထားချင်ပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် အလယ်ဖရုံကာကျွန်းပေါ်ရှိ မြင့်ဂါ-ဖားဒူလမ်းကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် န.တ.လ က တာဝန်ယူဖောက်လုပ်ခဲ့ပါကြောင်း၊ နှ