ဆောက်လုပ်ရေးဝန်ကြီးဌာန

(ခ)-ပန်ဝါမြို့နှင့်ချီဖွေမြို့သို့ ဆက်သွယ်ထားသောလမ်းကို ခွဲကျောက်စီခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ယခင်ငြိမ်းချမ်းရေး ရယူခဲ့သော ဒေသဖြစ်သည်‌့ ပန်ဝါမြို့နှင့်ချီဖွေမြို့သို့ ဆက်သွယ်ထားသော လမ်းကို ခွဲကျောက်စီခင်းလမ်း ဖောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် လုံးဝပျက်စီးနေပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

(ဃ)-မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအနီး ရွာဦးထိပ်မှ ဖြတ်သန်းစီးဆင်းနေသော ချောင်းအား ရေကျော် (သို့) တံတားတည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာသည် မင်းလှမြို့နှင့် ၁၀ မိုင်ခန့် အကွာတွင်တည်ရှိပြီး မင်းလှစစ်စနုတ်-ကန်ဒုတ်တို့၏ လမ်းနှင်‌့တစ်မိုင်အကွာတွင် တည်ရှိနေပါကြောင်း၊ လူဦးရေအားဖြင့် ၂၈၃၃ ဦးနှင်‌့ အိမ်ထောင်စုပေါင်း ၇၂၇ စုရှိပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းခွဲ တိုးတက်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ ၅၆၇ ဦး ပညာသင်ကြားလျက် ရှိပါကြောင်း၊ ၎င်းဒေသက ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန

(င)-၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ်နေသော အကွာအဝေးမိုင်များထက် ပိုမိုဖောက်လုပ်ပေးရန်နှင့် ပျက်စီးနေသောလမ်းများအား အသုံးပြုနိုင်ရန်အတွက် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

 

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ် ဆောင်ရွက်နေသော အကွာအဝေးမိုင်များထက်ပိုမိုဖောက်လုပ်ပေးရန်နှင့် ယခင်ဖောက်လုပ်ပြီး အသုံးမပြုနိုင်ဘဲ ပျက်စီးနေသော ကျေးလက်လမ်းများအား အသုံးပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်း ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း