သွင်းကုန်/ ပို့ကုန် လုပ်ငန်းရှင်များ အပေါ် ၂% ကြိုတင်ဝင်ငွေ ခွန်ကောက်ခံခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်(သို့) သွင်းကုန်ပြုလုပ်သည့် အချက်အခြာနေရာတွင် ကောက်ခံခြင်းအားဖြင့် ဝင်ငွေခွန်တွေ မလစ်ဟင်းရန်ကို ရည်ရွယ်၍ ၂ ရာခိုင်နှုန်းတိုးမြှင့် ကြိုတင်ငွေ ကောက်ခံခြင်းသည် အလွန်ကောင်းသော ရည်ရွယ်ချက်ဖြစ်သည့်အတွက် ထောက်ခံပါသော်လည်း ၂ ရာခိုင်နှုန်း ကြိုတင်ခွန် ကောက်ခံခြင်းသည်   လွှတ်တော်မှ ဥပဒေပြု၍ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊  ၂ ရာခိုင်နှုန်း ကြိုတင်ငွေကောက်ခံခြင်းသည် ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၁ အရ ဝင်ငွေခွန် အမျိုးအစားနှင့် ပတ်သက်၍ သတ်မှတ်ထားသည်ကို ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၃ ဖြင့် အစားထိုးပြင်ဆင်လိုက်ခြင်းဖြစ်သည့်အတွက်   ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ ပုဒ်မ ၅၁ က အောက်ပါအတိုင်း ရပ်တည်လျက် ရှိကြောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနသည် (က) လိုအပ်သော နည်းဥပဒေများ နှင့် စည်းမျဉ်းများ၊ စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊ (ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု တည်ဆဲပြဋ္ဌာန်းချက်များအရ ဝင်ငွေခွန်နှုန်းများကို သတ်မှတ်ခြင်းနှင့် ပတ်သက်သော ဘဏ္ဍာရေးဌာန၏ လုပ်ပိုင်ခွင့်ကို ပြောထားခြင်းဖြစ်သော်လည်း ယခုအခါ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပုဒ်မ ၄ နှင့် ပတ်သက်၍ဘဲ လုပ်ပိုင်ခွင့်ရှိပြီး ပုဒ်မ ၅၁ နဲ့ပတ်သက်၍ လုပ်ပိုင်ခွင့်မရှိသည်ကို တွေ့ရပါကြောင်း၊ ယခင်တုန်းက အခွန်နှုန်းထားသတ်မှတ်မှုများကို ဝင်ငွေခွန်ဥပဒေပြင်ဆင်သည့် ဥပဒေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အခွန်နှုန်းသတ်မှတ်မှု စသည်များကို အပ်နှင်းခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အခွန်နှုန်းများ သတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော်က သာလျှင် ဥပဒေပြု သတ်မှတ်ထိုက်ကြောင်း၊ ဝင်ငွေခွန် ဥပဒေသတ်မှတ်ခြင်းနှင့် အခွန်နှုန်း အမျိုးမျိုး ပြောင်းလဲသတ်မှတ်ခြင်းတို့သည် မတူပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်နှုန်းထား သတ်မှတ်မှုများကို ဆောင်ရွက်မည်ဆိုပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄ အရသာ ကိုယ်တိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ်(၁၀၆/၂၀၁၂) မှ (၁၁၂/၂၀၁၂)အထိ ထုတ်ပြန်ထားသော ဝင်ငွေခွန်ဆိုင်ရာ နှုန်းထား သတ်မှတ်မှုများကို သာဓကကြည့်မည်ဆိုပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၁ သည် အခွန်နှုန်း သတ်မှတ်မှုများနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်မဟုတ်ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄ အရသာ ဆောင်ရွက်ခွင့်ရှိသည့်အတွက် သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များအပေါ် ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန်ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားဆောင်ရွက်စေခြင်းသည် တည်ဆဲ ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိနှင့် မညီညွှတ်ပါက ယင်းဆောင်ရွက်စေမှုကို ရုပ်သိမ်းစေပြီး သွင်းကုန်/ပို့ကုန်လုပ်ငန်းဆောင်ရွက်သူကုမ္ပဏီများ၊ တစ်ဦးချင်းပုဂ္ဂိုလ်များထံမှ ဝင်ငွေခွန်အပြင် ကုန်သွယ်လုပ်ငန်းခွန်ပါ ပုံမှန်စည်းကြပ်မှုတို့၌ အလေအလွင့်မရှိစေဘဲ ကောက်ခံရရှိစေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့က မည်သို့အစားထိုး စီမံဆောင်ရွက်ပါမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန