သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(င) နိုင်ငံ့ဝန်ထမ်းများအားခွင့်ပြုချထားပြီးဖြစ်သော အိမ်ရာမြေကွက်များနှင့်စပ်လျဉ်းသည့်မေးခွန်း
ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အလုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မေးမြန်းမယ့်မေးခွန်းက နိုင်ငံ့ဝန်ထမ်းများအား ခွင့်ပြုချထားပေးပြီးဖြစ်သော အိမ်ရာ၊ မြေယာကွက်များနှင့်ပတ်သက်၍ ခံစားခွင့်မရရှိကြသည့် မေးခွန်းအား မေးမြန်းမှာ ဖြစ်ပါတယ်။
(ဃ) သစ်တောကြိုးဝိုင်း(၃)ခုမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ၎င်းဒေသရှိတောင်သူလယ်သမား များ၏အခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားတဲ့ ဧည့်သည်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ဒေသရဲ့ ပြည်သူများရဲ့ တင်ပြချက်တစ်ခုကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းမျိုးကို မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ မေးမြန်းပြီး ဖြစ်ပါတယ်။ နေရာဒေသပဲ ကွာပြီးတော့ ဖြစ်စဉ်တူတဲ့အတွက် ဝန်ကြီးဌာနကဖြေမယ့်အဖြေကလည်း တူမယ်လို့ပဲ မှန်းဆပါတယ်။ သို့သော် လည်းပဲ ကျွန်တော်တို့ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးအပြီးမှာ ကျွန်တော်တို့ ဒေသတွေဆင်းတဲ့ အခါမှာ ဒီဒေသတွေရဲ့ ကိုယ်စားလှယ်တွေက ပြည်သူ့ကို
(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ကိုင်းဖျား၊ ကိုင်းနားများထုတ်လုပ်မှုနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် ပြည်သူများရဲ့အကျိုးကို မျှော်မှန်းကာ ကိုင်းဖျားကိုင်းနားထုတ်လုပ်၍ ဘတ်ဂျက်လိုငွေအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟုယူဆပြီး အ
(ခ) ယာမြေများကို သစ်တောကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့ခြင်းအား ပယ်ဖျက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ဟိုပန်မြို့နယ်မှာရှိတဲ့ ဖါခါး သစ်တောကြိုးဝိုင်းနှင့်ပတ်သက်ပြီး အဲဒီကြိုးဝိုင်းဧရိယာအတွင်းမှာနေထိုင်ကြတဲ့ တောင်သူ လယ်သမားများရဲ့တင်ပြချက်အရ ၎င်းတို့ကိုယ်စား မေးခွန်းမေးမြန်းခြင်းဖြစ်ပါတယ်။ လေးစား အပ်ပါသော ဥက္က
(က)ရွှေနှင့်ကျောက်မျက်တူးဖော်ခြင်းကြောင့် ရေနောက်ကျိပျက်စီးနေမှုကိုဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း သည့်မေးခွန်း
လေးစားရပါသောဥက္ကဋ္ဌကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသော လူကြီးမင်းများ မင်္ဂလာပါခင်ဗျား။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်သော အင်းတော် မြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက်ပိုင်းက မြို့နယ်တစ်မြို့နယ် ဖြစ်ပါတယ်။ မြောက်ဘက် မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ် အတွင်းမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းကနေ စီးဆင်းလာတဲ့ လေးတန်လို့ခေါ်တဲ့ ချောင်း တစ်ချောင်းရှိပါတယ်။ အဲဒီချောင်းဟာ မဲဇာချောင်းထဲကိုစီးဝင်သွားပြီး ဧရာဝတီမြစ်ထဲကို မဲဇာချောင်း ကြီးစီးဆင်းသွားတာ အများအသိဖြစ်ပါတယ်ခင်ဗျား။ ကျ
Pagination
- Previous page
- Page 7
- Next page
