( က ) ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းရှိပြည်သူများ ဝမ်းစာအတွက်ဘဝရပ်တည်ရှင်သန်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ဖိတ်ကြားထားတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ နောင်မွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်းမှာနေထိုင်ကြသော ဒေသခံလူထုရဲ့စားဝတ်နေရေးနဲ့သက်ဆိုင်တဲ့ မေးခွန်း ကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဟာ မြန်မာနိုင်ငံ မြောက်ဘက်စွန်း နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့နယ်ခွဲမှာတည်ရှိပြီးတော့ ဧရိယာ
