လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(ခ)-နယ်စပ်ရှိတိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV 3 MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်း၊ သီးပင်ကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁၄ မိုင်နှင့် 33/11 KV 3 MVA အား တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ပျော်ဘွယ်မြို့အနောက်ဘက် နတ်မောက်မြို့နယ် နယ်စပ်ရှိ တိုက်နယ်ဆေးရုံနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိနိုင်ရန် သဖန်းချောင်း 33/11 KV 3 MVA ဓာတ်အားခွဲရုံမှ တဲကြီးကုန်းကျေးရွာအုပ်စု၊ သီးပင်ကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁၄ မိုင်နှင့် 33/11 KV 3 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-ငပုတောမြို့နယ် ကျုံကူးတိုက်နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

 

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အထူးအားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို တွေ့မြင်ကြားသိရ၍ မိမိတို့ငပုတောမဲဆန္ဒရှင် ပြည်သူများက မျှော်လင့်နေကြကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာနှင့် လျှပ်စစ်မီးရရှိမှု တရားဝင် စာရင်းများအရ များစွာနိမ့်ကျ နည်းပါးနေပါကြောင်း၊

(ဆ)-မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန် လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ဆိုက်စမစ် တိုင်းတာခြင်း အခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကုန်းတွင်းလုပ်ကွက် ရေနံမြေများနှင့် ကမ်းလွန် လုပ်ကွက်များကို ရေနံကုမ္ပဏီများနှင့် စာချုပ်များ ချုပ်ဆိုပြီး ဆောင်ရွက်ရာတွင် ၎င်းလုပ်ကွက် များ၏ ဆိုက်စမစ်တိုင်းတာခြင်း အခြေအနေများကို သိလိုခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်မည်‌့ အခြေအနေ များရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဂ)-လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

 

မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်ကြိုးဖြတ်တောက်ပြီး မြေပြင်သို့ပြုတ်ကျမှုများကြောင့် ဓာတ်လိုင်း သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော SAC လျှပ်ကာ ဓာတ်ကြိုများ လွဲလှယ်မှုကို မည်ကဲ့သို့အစီအမံချပြီး‌ေ ဆာင်ရွက်နေသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့် မေးခွန်း