ပညာရေးဝန်ကြီးဌာန

(ခ)- ဒေသစရိတ်ခံစားခွင့်ပြုထားသော မြို့နယ်များမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား အဆင့်မြင့်တက္ကသိုလ်ကောလိပ်များနှင့် အဆင့်မြင့်သင်တန်းကျောင်းသို့ တက်ရောက်သင်ကြားနိုင်ရေး မည်ကဲ့သို့ဆောင်ရွက် ပေးနေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ဝေးလံခေါင်သီဒေသအဖြစ်သတ်မှတ်၍ ဒေသရှားပါးစရိတ်ခံစားခွင့်ပြုထားသော မြို့နယ်များမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများအား အဆင့်မြင့်တက္ကသိုလ်ကောလိပ်များနှင့် အဆင့်မြင့်သင်တန်းကျောင်းသို့ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက် ပေးနေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

(ဃ)-ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင်‌့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင်‌့မားလာစေရန်အတွက် ဒေသနှင့်ကိုက်ညီသင်‌့လျော်သော ပညာရေးဝန်ထမ်းများ စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

 

ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင်‌့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင်‌့မားလာစေရန်အတွက် အပြစ်ပေးအရေးယူခံရသော ပညာရေးဝန်ထမ်းစေလွှတ်ခြင်းထက် ကြိုးစားအားထုတ်မှုရှိပြီး ဒေသနှင့်ကိုက်ညီသင်‌့လျော်သော ပညာရေးဝန်ထမ်းများစေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

(ခ)-၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ အပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် လစ်လပ်သွားသော နေရာတွင် လက်ခံခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

 

၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများကို ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များအပါအဝင် အခြားအမှတ်မီသော တက္ကသိုလ်များတွင် ဝင်ခွင်‌့ရစာရင်း အတိုင်းကျောင်းမအပ်ဘဲ လစ်လပ်သွားသော အရေအတွက်နေရာတွင် လက်ခံခြင်းရှိ/မရှိနှင်‌့စပ်လျဉ်း သည့်မေးခွန်း

(ဆ)-သက်တမ်း ၅၆ နှစ်ကြာမြင့်နေပြီဖြစ်သော အ.မ.က (ကြူတော) ကျောင်းဆောင်ဟောင်းအား မွမ်းမံပြင်ဆင် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

သက်တမ်း ၅၆ နှစ်ကြာမြင့်နေပြီဖြစ်သော အ.မ.က(ကြူတော)ကျောင်းဆောင်ဟောင်းအား မွမ်းမံ ပြင်ဆင်ပေးရန်နှင့် ကျောင်းဆောင်စာသင်ခန်းနှင့် ကျောင်းသားဦးရေ လွတ်လပ်မျှတစွာတန်းခွဲစနစ်ဖြင့် သင်ကြားနိုင်ရေးအတွက် (၆၀ ပေ x ၃၀ ပေ)တိုးချဲ့ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ချထား ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း