ဆောက်လုပ်ရေးဝန်ကြီးဌာန

(က)-သံတွဲမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန် အတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအပေါ် မည်ကဲ့သို့ အထူးကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ တင်ဒါအောင်မြင်သည့် ကုမ္ပဏီတချို့တွင် ကျွမ်းကျင်သည့် အင်ဂျင် နီယာများမပါဘဲ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ကြီးကြပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးကော်မတီ(Third Party) တို့မှလည်း ပူးပေါင်းကြီးကြပ် ဆောင်ရွက်မှုအားနည်းနေပါသည်ကို တွေ့ရပါကြောင်း၊ ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် စာသင် ကျောင်းများ

‌(ဂ)-ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီး၊ ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြုငွေ ခွဲဝေရာတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အဘယ်ကြောင့် နည်းနေရ သနည်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရန် ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်း သည့်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီး၊ ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြုငွေ ခွဲဝေရာတွင် နာဂဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ တိုးမြှင့်ခွင့်ပြုပေးရန် ရှိ/မရှိ သိလိုသည့် မေးခွန်း ဖြစ်ကြောင်း၊ ယခုမေးခွန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် အတည်ပြုပြီးဖြစ်သည့်အတွက် အကြုံးမဝင် သလို ဖြစ်သွား

(ခ)-မင်းဘူး(စကု)မြို့နယ်တွင် ဖျက်ပုံထားသော တံတားဟောင်းမှ ပစ္စည်းများလေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် မင်းဘူး(စကု)မြိို့နယ်အတွင်း အမှန်တကယ်လိုအပ်နေသောနေရာများ တွင် တံတားငယ်များ တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အနီးရှိ မန်းချောင်းပေါ်တွင် မူလက တစ်လမ်းသွားဘေလီတံတားတပ်ဆင်ထားပြီး ယခုအခါ နှစ်လမ်း မောင်းသံကူ ကွန်ကရစ် တံတားကို တည်ဆောက်ပြီးဖြစ်သည့်အတွက် မူလတံတားအဟောင်းမှ ပစ္စည်းများကို မင်းဘူး(စကု)မြို့နယ်၊ ဘိုတဲကြီးဝိုင်းအတွင်း စုပုံထားသည်ကို တွေ့ခဲ့ရပါကြောင်း၊