ဆောက်လုပ်ရေးဝန်ကြီးဌာန

(ခ)-နမ့်ပါတ်ကား-တောင်ချေရင်း-လယ်ဦး-နောင်ဖာမူ-တက်ခက်-နားနူး-မန်သက်-တပ်ကုန်း-ကိုးတောင်-ဆင်းနှာမောင်းကျေးရွာများအထိ ရာသီမရွေးသွားလာ နိုင်သော ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးရန်နှင့် လိုအပ်သောတံတားများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

(ခ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဗျူဟာလမ်းမကြီးပေါ်မှ နမ့်ပါတ်ကား-တောင်ချေရင်း-လယ်ဦး-နောင်ဖာမူ-တက်ခက်-နားနူး-မန်သက်-တပ်ကုန်း-ကိုးတောင်-ဆင်းနှာမောင်းကျေးရွာများအထိ ရာသီမရွေးသွားလာ နိုင်သော ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးရန်နှင့် လိုအပ်သောတံတားများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

(င)-ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေရကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်မည်၊ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

(ဌ)-ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တုံးမဝ-ဘဲဒုံ မြေသားလမ်း (၁၁/-)မိုင်အနက် ကျန်ရှိသော (၂/၄)မိုင် အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပလက်ဝမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၃၁၂၀ ကျော်ကျယ်ဝန်းပြီး တောင်ကုန်း၊ တောင်တန်းများ၊ မြစ်ချောင်းများပေါများခြင်းကြောင့် တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်သွားလာ ရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပလက်ဝမြို့နယ်၏ အနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် ပီချောင်း ဒေသတွင် ကျေးရွာအုပ်စုကိုးအုပ်စု၊ ကျေးရွာပေါင်း ၂၇ ရွာရှိပြီး လူဦးရေ ၈၀၀၀ ကျော်

(ဋ)-ရခိုင်ပြည်နယ်၏ စီးပွားရေးအချက်အချာကျသော အဓိကဝင်ပေါက်ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးအား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်သို့ အထူးစီမံကိန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်သည် ပြည်မနှင်‌့ကုန်သွယ်မှုပြုရာတွင် ၁၉၉၀ ခုနှစ်မတိုင်မီ ပန်းတောင်း- တောင်ကုတ်လမ်းတစ်လမ်း တည်းသာရှိခဲ့ပြီး ယခုအခါ မင်းဘူးလမ်း-စစ်တွေလမ်းနှင်‌့ ငသိုင်းချောင်း-ဂွလမ်းဟူ၍ ဝင်ပေါက်လမ်းသုံးခု ပေါ်ပေါက်လာခဲ့သည့်အတွက် ရခိုင်ပြည်နယ်သည် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာခဲ့ပါကြောင်း၊ ဝင်ပေါက်သုံးခုအနက် မင်းဘူး-အမ်း-စစ်တွေ လမ်းသည် အသုံးပြုသူအများဆုံးလမ်းကြောင်း ဖြစ်ပါကြောင်း၊ လမ်းအသုံးပြုသွားလာသော ယာ