၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မိုးညိုမြို့နယ်တွင် လယ်မြေဧက ၁၇၆၉၂ ဧက ဖော်ထုတ် လုပ်ကိုင်နိုင်ရေး မျှော်မှန်းချက်ဖြင့် မြစ်မခချောင်း ရေကာတာ ၂၄ မိုင်ကို ဆည်မြောင်းဦးစီးဌာနမှ ဖို့လုပ် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း  ရေတံခါး  ၊ ရေနုတ်မြောင်းများတည်ဆောက်ထားခြင်း မရှိပါသဖြင့် ရေကာတာအတွင်း မိုးရေများ သိုလှောင်ကာ လယ်မြေများ  ၊ ဂရန်အင်း များ နှစ်ပတ်လည် ရေနစ်မြှုပ်ကာ စိုက်ပျိုးထုတ်လုပ်မှုနှင့် သားငါး ထုတ်လုပ်မှု အခက်အခဲများ
ဖြစ်ပေါ်နေရာ မျှော်မှန်းချက် မအောင်မြင်ဖြစ်နေရပါသည်။ သို့ပါ၍ အဆိုပါ ရေကာတာအတွင်း ရေတံခါး၊  ရေနုတ်မြောင်းများ
တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ ၊ ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်၊ မရှိပါက မည်သည့်အကြောင်းကြောင့်
ဆိုသည်ကို သိလိုပါသည်။

အဖြေ

နောင်ဖြစ်ပေါ်လာမည့် အခြေအနေများအရ ဖွင့်လှစ်ရန် လိုအပ်သည့်အခါတွင် စဉ်းစားဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်းဖြေကြား