နယ်စပ်ရေးရာဝန်ကြီးဌာန
(စ)-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(စ)-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ထိစပ်လျက်ရှိသည့် ဒေသများရှိ ပြည်သူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လက်တွေ့ကျသည့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဃ)-ကျွန်းစုမြို့နယ်၊ ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ စာသင်ကျောင်းများသို့သွားရာ တံတားနှင့် စာသင်ကျောင်းတို့ကို ပြန်လည်ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကဘင်အုပ်စု၊ မိုင်းတွေးကျေးရွာရှိ ကျောင်းဆောင်များအပါအဝင် တစ်ရွာလုံးရှိ လူသွားလမ်း များသည် မြေပြင်ပေါ်တွင်မရှိဘဲ ရွံ့မြေများပေါ်တွင်ဖြတ်၍ တံတားသဖွယ်လမ်းခင်း၍ ဖြတ်သန်းသွားလာကြသည့် ကျေးရွာတစ်ရွာ ဖြစ်ပါကြောင်း၊
(င)-နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ပေါ် သောက်သုံးရေလုံလောက်စွာရရှိနိုင်ရေး အစီအမံအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နန်းယွန်း မြို့နယ်၊ ဒုံဟီးမြို့သည် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ဝန်းကျင်သာနေထိုင်သည့် တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါကြောင်း၊ ပြည်သူအားလုံးသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါကြောင်း၊
Pagination
- Previous page
- Page 3
- Next page
