(ဃ)-သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို ဖြန့်ဝေပေးသော သက်ဆိုင်သူတို့အားအရေးယူဆောင်ရွက်ရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၅.၂၀၁၈)

 

(ဃ)-သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို တိုင်းနှင်‌့ပြည်နယ်အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူးထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်းမပြုလုပ်ရန် ရပ်ဆိုင်းထားရခြင်းတို့ဖြစ်ခဲ့ခြင်းကြောင့် အဆိုပါအတုသွင်းသူ၊ အတုမှန်းသိလျက်နှင်‌့လက်ခံပြီး ဖြန့်ဝေပေးသောသက်ဆိုင်သူတို့အား ဖော်ထုတ် အရေးယူဆောင်ရွက်ရန်နှင်‌့ နောင်တွင် အလားတူကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

တာဝန်သိသွားဆရာဝန်တစ်ဦးမှ မိမိထံသို့ရောက်လာပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် ဖြန့်ဖြူးထားသည့် Medicaine ထုံဆေးနှင့် အပ်များသည် အတုများ ဖြစ်ကြောင်း၊ အဆိုပါ တင်ပြချက်အပေါ် ၂၃-၈-၂၀၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အဆိုပါဆေးနှင့်အပ်တို့ကို ပစ္စည်းအစစ် အမှန်များ ဟုတ်/မဟုတ်စစ်ဆေးပေးရန်နှင့် အကယ်၍ အတုဖြစ်နေမည်ဆိုပါက ပတ်သက်သူအားလုံးကို ဖော်ထုတ် အရေးယူရန် အစီအစဉ်ရှိ/မရှိ ကို ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါကြောင်း၊ ၎င်းမေးခွန်း ကို မေးပြီး တစ်ပတ်လောက်အကြာမှ မနေ့ကအထိ ၎င်းဆေးများကို အသုံးမပြုဘဲရပ်ဆိုင်းထားသည်ဟု  သိရှိရပါ ကြောင်း၊ မေးခွန်း၏ဖြေကြားချက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝယ်ယူရေးကော်မတီမှ အဆိုပါအတု ပို့ သည့် ကုမ္ပဏီအား တည်ဆဲဥပဒေအရ တရားစွဲဆိုသင့်ပါကြောင်း မူပိုင်ခွင့်ရကုမ္ပဏီအနေဖြင့် ၎င်းတို့ သဘော ထားမပါဘဲ တင်ဒါယှဉ်ပြိုင်ခြင်းအတွက် တရားစွဲသင့်ကြောင်း ၊ ၎င်းဖြေကြားချက်များကိုသုံးသပ်မည်ဆိုပါက မည်သည့်အရေးယူဆောင်ရွက်ထားခြင်း၊ တရားစွဲဆိုထားခြင်း တစ်စုံတစ်ခုမှ ဆောင်ရွက်ထားခြင်း မရှိသည်ကို အဖြေကြည့်ချင်းအားဖြင့် သိရှိနိုင်ပါကြောင်း၊          ပန်းတောင်းမြို့မြို့မဈေးရှေ့တွင် ဆေးဝါးအတုသုံးစွဲမှုအန္တရာယ် များသည့်အကြောင်း ဖော်ပြထားသည့် FDA ၏ ကြော်ငြာတွင် ဆေးဝါးအတုဆိုးကျိုးများကို ပြည်သူများ သိရှိအောင် ကြော်ငြာထားသော်လည်း ပြည်သူ့ဆေးရုံတွင် သွားဆရာဝန်များသုံးရန်ဖြန့်ဝေထားသည့် ထုံဆေး နှင့် အပ်အတု ဖြစ်နေသည်ကိုတော့ တရားစွဲဆိုသင့်ပါကြောင်း၊ ဖြေကြားထားသော်လည်း  မည်သည့်အရေးယူ ဆောင်ရွက်ခြင်း မှမရှိပါကြောင်း၊ ဆေးဝါးအတုကိစ္စသည် လူ့အသက်များနှင့်သက်ဆိုင်ပါကြောင်း၊ ပစ်ထား၍ ရသည့်ကိစ္စမျိုးမဟုတ်ပါကြာင်း၊ ပြည်သူ့ဆေးရုံများမှ မိမိတို့ပြည်သူကျန်းမာရေးအတွက် သုံးပေးသည့်ဆေးများ အားလုံးသည် ကျန်းမာရေးအတွက်ကောင်းလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလိုမျိုးဆေးဝါးအတုများကို သွားဆရာဝန်များသုံးရန်ဖြန့်ပေးသည့်ကိစ္စသည် ပြည်သူများ၏ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူ များ၏ယုံကြည်မှုကို စော်ကားခြင်းဖြစ်ပါကြောင်း၊ ၎င်းဆေးဝါးများကိုမသုံးဘဲ ရပ်ထားလိုက်ရ သည့်အတွက် ကြောင့် နိုင်ငံတော်၏ဘဏ္ဍာများလည်း ဆုံးရှုံးမှာဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးများကို အတုများဖြန့်ပြီး သုံးရန်ပေးထားခြင်းသည် နိုင်ငံ့အတွက်နှင့် ပြည်သူ့များအတွက် ဆိုးကျိုးများ အများကြီးဆက်ဖြစ်စေနိုင်သည့်အတွက် သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို တိုင်းနှင်‌့ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူးထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်းမပြုလုပ်ရန် ရပ်ဆိုင်းထားရခြင်း တို့ဖြစ်ခဲ့ခြင်းကြောင့် အဆိုပါအတုသွင်းသူ၊ အတုမှန်းသိလျက်နှင်‌့လက်ခံပြီး ဖြန့်ဝေပေးသောသက်ဆိုင်သူ တို့အား ဖော်ထုတ် အရေးယူဆောင်ရွက်ရန်နှင်‌့ နောင်တွင် အလားတူကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၆-၁၇ ခုနှစ် ဘတ်ဂျက်အတွက် ဆေးဝယ်ရန်အတွက် ၂၈-၄- ၂၀၁၆ ရက်နေ့တွင်စခဲ့ပါကြောင်း၊  စသည့် အခါ ပထမဆုံးဝယ်ယူရေးလုပ်ငန်းကော်မတီ Procurement Working Group ကို အောက်တိုဘာလ ၇ ရက် နေ့တွင် အစည်းအဝေးထိုင်ပါကြောင်း၊ ထိုင်ပြီး ၎င်းကော်မတီကိုဝယ်ရန်ရွေးပါကြောင်း၊ Procurement ကော်မတီမှ တစ်ဆင့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဝယ်ယူရေးလုပ်ငန်းစိစစ်ရေးကော်မတီကို တင်ပါ ကြောင်း၊  Procurement Working Committee တွင် ညွှန်ကြားရေးမှူး သုံးဦး၊  ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးပါဝင်ပါကြောင်း၊  စိစစ်သုံးသပ်ရေးကော်မတီတွင် ညွှန်ကြား ရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် လေးဦး၊ ညွှန်ကြားရေးမှူး သုံးဦး ပါပါကြောင်း၊  Procurement Committee မှ ကြည့်ပြီး သဘောတူ၊ ဝယ်သင့်သည်ဟု တင်ပြသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန(EC)၊ ဘဏ္ဍာရေး နှင့် စက်ပြင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၂ ရက်နေ့ တွင် တက်လာပါကြောင်း၊ ကြည့်လိုက်သည့်အခါ ကော်မတီနှစ်ခုမှလည်း ဝယ်ခွင့်ပြုပြီး တင်ပြထားသည့်ဆေး မှာ ၎င်းတို့တင်ပြစဉ်က အစစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် EC မှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် ဆောင်ရွက်ရန် ဆိုပြီး ခွင့်ပြုခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန(EC)တွင် မိမိက ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ် များ အကုန်ပါပါကြောင်း၊ ထို့နောက် ၁၀-၁၁- ၂၀၁၆ ရက်နေ့တွင် စာချုပ်ချုပ်ပြီး ၂၃-၁-၂၀၁၇ရက်နေ့တွင် ပစ္စည်းများရောက်လာပါကြောင်း၊ ၎င်းပစ္စည်းများမှ Medicaine Injection two percent one and Hundred Thousand နှင့် H Dent Dental Needle တို့ဖြစ်ပါကြောင်း၊ စမှာစဉ်က ၃၃၀၀၀ ဖြစ်သော်လည်း မိမိတို့ ၁၆၀၅၀ ကိုသာဝယ်ပါကြောင်း၊ ထုံဆေးထိုးသည့်အခါ သွေးကြောများပိတ်သွားသည့်အခါကျမှ ထုံဆေးက အကြာကြီးခံသည့်အပြင် ထုံဆေး၏ဆိုးကျိုးများလည်း သင့်မြတ်အောင်  သွေးကြောကျဉ်းသည့် Adrenaline ဆိုတာပါပါကြောင်း၊ Two Percent က ထုံဆေးဖြစ်ပါကြောင်း၊ ထုံဆေးကသက်သက်၊ အပ်ကသက်သက်။ နှစ်ခုပါပါကြောင်း၊ မိမိတို့က ပစ္စည်းရောက်သည့်အခါ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့ဆိုတာ ရှိပါကြောင်း၊ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့က ရန်ကုန်မှာရောက်သည့်အတွက် ရန်ကုန်ကစစ်ပါကြောင်း၊ ထိုဖွင့်ဖောက် စစ်ဆေးမှုတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ပြည်သူ့ကျန်းမာရေးနှင့် ကုသနှစ်ဦးပါပါကြောင်း၊ ညွှန်ကြားရေးမှူး Level၊ တစ်ယောက်က ဒုတိယညွှန်ကြားရေးမှူးချုပ် Level၊ လက်ထောက်ညွှန်ကြားရေးမှူး လေးဦး ပါပါကြောင်း အရာရှိသုံးဦးနှင့် ကျန်းမာရေးမှူးတစ်ဦးပါကြောင်း၊ Specification နှင့်လည်း ကိုက်ညီပါကြောင်း၊  သူတို့မှာသည်နှင့် ကိုက်ညီသည့်အတွက် ဘဏ္ဍာရေးနှင့် စက်ပစ္စည်းညျိနှိုင်းရေးကော်မတီ မိမိတို့ဆီရောက်သည့်အခါ၊ မှာသည့်ပစ္စည်းနှင့် Specification ကိုက်ညီသည်ဟု စစ်ဆေးရေးအဖွဲ့ကပြောသည့် အတွက် ငွေချေရန် ခွင့်ပြုလိုက်ပါကြောင်း၊ ပစ္စည်းများကို  ဧပြီလကနေပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ခွဲတမ်းအရ ရန်ကုန်ကနေ ပို့လိုက်ပါကြောင်း၊ ၁-၈-၂၀၁၇ ရက်နေ့ကျ မူရင်းကုမ္ပဏီကနေပြီး ပြည်ထောင်စုဝန်ကြီးထံလိပ်မူ၍၊ တရားဝင် Brand အမည်ကိုသုံး၍ အခြားကုမ္ပဏီမှ မမှန်မကန်သော ပစ္စည်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ ရောင်းချထားသည်ကို စစ်ဆေးပေးပါရန် ဦးစီးဌာနများသုံးခုကို အသိပေးအကြောင်း ကြားထားသော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိ၍ဆိုပြီး ကျွန်တော့်ဆီကို တိုက်ရိုက်အသိပေးတိုင်ကြားသည့်အတွက် စာရောက်လာပါကြောင်း၊ စာကိုရရှိသည့်အတွက် DE ပြုလုပ်ရန်၊ Department of Enquire ပြုလုပ်ရန်နှင့် DE အဖွဲ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး ဦးဆောင်၍ အခြားဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးမှ အတွင်းရေးမှူးဆောင်ရွက်၍ FDA မှ ညွှန်ကြားရေးမှူးတစ်ဦးပါဝင်သော အဖွဲ့ကိုဖွဲ့ရန်ဆိုပြီး အမိန့်ချလိုက်ပါကြောင်း၊ Copy ကို အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်ကို ပေးလိုက်ပါကြောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ဌာနဆိုင်ရာရုံးတွင်း အမိန့်စာဖြင့် (၃/၂၀၁၇)နှင့် DE အဖွဲ့ဖွဲ့ပေးလိုက်ပါကြောင်း၊ ၂၆ ရက်နေ့တွင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့အား Back up သေချာစွာ ဦးစားပေးအမြန်ဆုံး ဆုံးဖြတ်ချက်ချရန် တင်ပြပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် မှတ်ချက်ရေးလိုက်ပါကြောင်း၊ သြဂုတ်လ ၂၉ တွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများအားလုံးကို အဆိုပါဆေးပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ ပြန်လည်စိစစ်မှုများ ဆောင်ရွက်လျက်ရှိသောကြောင့်  H Dent Dental Needle  နှင့် Medicaine Injection များ အသုံးပြုမှုကို ဆိုင်းငံ့ထားရန်နှင့် ထုတ်ပေးထားသည့် ကျန်းမာရေးဌာနအသီးသီးသို့ ထပ်ဆင့်အကြောင်းကြားရန်ဆိုပြီး ညွှန်ကြားရေးမှူးချုပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် အကြောင်းကြားလိုက်ပါကြောင်း၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဌာနဆိုင်ရာစစ်ဆေးရေး DE အဖွဲ့ပြောတာက တရားစွဲဆိုသင့်သည်ဟု ပြောသည့်အတွက် အမြဲတမ်းအတွင်းဝန်မှာ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအတိုင်း တရားစွဲဆိုဆောင်ရွက်နိုင်ရန် ဥပဒေကြောင်းအရ မှန်ကန်မှုရှိ/မရှိ သဘောထားမှတ်ချက် အကြံပြုချက်များကို မေတ္တာရပ်ခံပြီးတောင်းခဲ့ပါကြောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရှေ့နေချုပ်ရုံးက စာပြန်လာပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အသေးစိတ်လေ့လာခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ DE(Department Enquire Team) ၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များအတိုင်း တရားစွဲဆိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဆိုပြီး ရှေ့နေချုပ်ရုံးက ပြန်လာပါကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ယင်းသဘောထား မှတ်ချက်အပေါ် ပြည်ထောင်စုဝန်ကြီးမှ အဖွဲ့ငယ်နှင့် အမြန် Review လုပ်ပြီး ဆုံးဖြတ်ချက်တင်ပြပါ တစ်ချိန်တည်းမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နှစ်ကုန်ခါနီး မူလ ကုမ္ပဏီက ၂၇ ရက်နေ့ ရက်စွဲဖြင့် ကြယ်ပွင့်မပြမေးခွန်းအား ဖြေကြားရာတွင် တရားစွဲဆို သင့်ကြောင်းပါရှိသော်လည်း တရားမစွဲဆိုသေးသဖြင့် ပြည်ထောင်စုဝန်ကြီးထံသို့ ထပ်မံစာပို့သည့်အခါ ၃-၁-၂၀၁၈ ရက်နေ့တွင် မိမိမှစာရသည့်အခါ အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ထွက်ပေါ်လာသော investigation အကုန်လုံးပြန်ပြီး လုပ်ပါဟုမှတ်ချက်ချပြီး အမြဲတမ်းအတွင်းဝန်နှင့် FDA ကို ပို့ခဲ့ပါကြောင်း၊ ၁၆-၁-၂၀၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌမှ ကုမ္ပဏီနှစ်ခုကနေပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနှင့်လိပ်မူပြီး အစီရင်ခံစာကို အားကစားဝန်ကြီးဌာနမှ သိရှိဆောင်ရွက် နိုင်ရေးဆိုပြီး မိမိမှရရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၂/၂၀၁၈) မှ ရှေ့နေချုပ်ရုံး၏ ပြန်ကြားချက်အတိုင်း အမျိုးသား ဆေးဝါး ဥပဒေပါပြစ်မှုကြောင်းအရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း တရားစွဲဆိုဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဆုံးဖြတ်ချက်ကို တရားစွဲရန်လိုအပ်သလို ဆက်လက်ဆောင်ရွက်ပါဟု ညွှန်ကြားရေးမှူးချုပ် ကို ပြောလိုက်ပါကြောင်း၊ ထို့ကြောင့် ဘာမှမဖြစ်သေးသည့်အတွက် Reminder မတ်လ ၂၁ ရက်နေ့တွင် ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် (ပက) ကို ဆောင်ရွက်ပြီးစီးမှုအခြေအနေ ပြန်လည်တင်ပြပါ။ Reminder ကို မတ်လ ၂၈ တွင် ထပ်ထုတ်ပါကြောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ဇယားဆွဲပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းတွင် အမျိုးသားဆေးဝါးဥပဒေပါ ပြစ်မှုကြောင်းအရ အမှုဖွင့်အရေးယူပေးရန်ဆိုပြီး အကြောင်းကြားထားပါကြောင်း၊ ထိုစာကိုတင်သည့်အချိန်တွင် ဇန်နဝါရီ ၁၇ ရက်နေ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က တရားမစွဲသဖြင့် ထပ်ပြီးတင်ပါကြောင်း၊ ယခု ရဲကနေပြီး အားလုံးကို သက်သေခေါ်မေးနေခြင်း ဖြစ်ပါကြောင်း၊

          ဤသို့မဖြစ်ရန် မိမိလက်ထက်တွင် ဝယ်ယူရေးနှင့် Procurement တွင် အရမ်းအရေးကြီးသည့်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် တစ်ယောက်ကို Promotion ပေးပြီး Procurement and Distribution Unit ဖွဲ့ကို ဖွဲ့လိုက်ပါကြောင်း၊ Unit ကလည်း စဖွဲ့စဉ်က နည်းသည့်အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ကုသရေးရုံးချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးတစ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး သုံးဦး၊ လက်ထောက်ဆရာဝန်သုံးဦး၊ နေ့စားဝန်ထမ်း ၁၀ ဦးနှင့် အားဖြည့်လိုက်သည့်အပြင် ရန်ကုန် CMSC ဗဟိုဆေးသိုလှောင်ရေးတွင်လည်း ဒုတိယညွှန်ကြားရေးမှူး ဖြန့်ဖြူးတစ်ဦး၊ လက်ထောက်ဆရာဝန်နှစ်ဦး၊ ဆေးဘက်ကျွမ်းကျင် နှစ်ဦးခန့်လိုက်ပါကြောင်း၊ နောက် ပြည်သူ့ကျန်းမာရေး Procurement တွင်လည်း ညွှန်ကြားရေးမှူးတစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးနှစ်ဦး လေးဦးခန့်လိုက်ပါကြောင်း၊ ထို့အပြင် Experience ရအောင်ဆိုပြီး India, Japan, Sri Lanka, Denmark မှာ UNICEF နှင့်လုပ်ပြီး Procurement and Distribution အစည်းအဝေးသင်တန်းများကို လွှတ်ပြီးပါကြောင်း၊ နောက်တစ်ချက်က လုပ်သည့်နေရာတွင် အဆင်ပြေအောင် သမ္မတရုံးညွှန်ကြားချက် (၁/၂၀၁၇) ပါ  ညွှန်ကြားချက်နှင့် အတိအကျ လုပ်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းများ လက်ခံရေး ကော်မတီကိုလည်း စနစ်တကျဖွဲ့စည်းထားပြီး တင်ဒါလာရောက်သွင်းစဉ်က ပေးသော နမူနာပစ္စည်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ အထူးဂရုပြု၍ တိုက်ဆိုင်စစ်ဆေးခြင်းကို ပြစဉ်ကတစ်မျိုး၊ ဟိုရောက်သွားလျှင် တစ်မျိုးဖြစ်မည်စိုးသဖြင့် နမူနာကိုယူပြီး ပြုလုပ်ပါကြောင်း၊ နောက် ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီက တင်ဒါတင်သွင်းစဉ်က သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီရန်အတွက် တာဝန်ယူကြောင်း လက်မှတ်ထိုးခိုင်းသည့်အပြင် လာရောက်ယှဉ်ပြိုင်စဉ် မူလထုတ်လုပ်သည့် တရားဝင်ကိုယ်စားလှယ်လွှဲစာ (Letter of Authorization) ကိုလည်း တောင်းခံခြင်း၊ အဆိုပါ Letter of Authorization ကို စိစစ်ခြင်း လိုအပ်ပါက Letter of Authorization ပေးသော ကုမ္ပဏီကို ဆက်သွယ်စိစစ်ခြင်းများ ဆက်လက်တောင်းမည် ဖြစ်ပါကြောင်း၊ နောက်ပြီး ဝယ်သည့်အခါ အမျိုးသားဆေးဝါးဥပဒေအရ မှတ်ပုံတင်ရရှိထားသော ဆေးဝါးဖြစ်ရန်နှင့် ဆေးဝါးတင်သွင်းခြင်း လုပ်ငန်းလုပ်ခွင့် လက်မှတ်ရသည့် တရားဝင်ကိုယ်စားလှယ်များကို မိမိတို့လက်ခံပါကြောင်း၊ နောက် အိတ်ဖွင့်တင်ဒါလာရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီများ၏ လုပ်ငန်းအတွေ့အကြုံ ယခင် တင်ဒါတင်သွင်းစဉ်က အမည်ပျက်စာရင်း ရှိ/မရှိ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု ငွေကြေးပမာဏ တောင့်တင်းမှုရှိ/မရှိကိုလည်း သုံးသပ်ခိုင်းထား ပါကြောင်း၊ နောက် အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် တင်ဒါတင်သွင်းသည့် ဆေးဝါးပစ္စည်းများ၊ စက်ပစ္စည်းများနှင့်ပတ်သက်၍ နမူနာပစ္စည်း Profile များကိုလည်း အကုန်လုံးမှတ်တမ်းတင် ထားရှိပါကြောင်း၊ နောက်အရေးကြီးသည့်အချက်က ပစ္စည်းဖွင့်ဖောက်စိစစ်လက်ခံရာတွင် လိုက်နာရမည့် Standard Operating Procedure များရေးဆွဲ၍ လည်းကောင်း၊ Check List များပြုစု၍လည်းကောင်း ပစ္စည်းများကို လက်ခံနေပါကြောင်း၊ မိမိတို့အနေဖြင့် ဆေးဝါးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဂိုဒေါင်များတွင် ထားသိုနိုင်ရန် ဂိုဒေါင်များကို တိုးချဲ့ရန်အတွက်ကို ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် လျာထားပါကြောင်း ဖြင့်ပြန်လည်ဖြေကြားခဲ့ပါသည်။