ဒေါ်ခင်နှင်းသစ် (ပန်းတောင်းမဲဆန္ဒနယ်)

အမည်

ဒေါ်ခင်နှင်းသစ်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ပတန(နိုင်)၀၄၈၈၉၈

မွေးသက္ကရာဇ်/အသက်

၁-၁-၁၉၆၈/(၄၈)နှစ်

မွေးဖွားရာဇာတိ

ပျဉ်းမနားမြို့

ပညာအရည်အချင်း

B.A (InternationalRelation), H.G.P

လက်ရှိအလုပ်အကိုင်

ရှေ့နေလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာဦးဖုန်းကျော်၊ ၇/ပတန(နိုင်) ၀၀၄၀၃၆၊ ဆရာဝန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညွန့်ညွန့် ၊ ၇/ပတန(နိုင်)၀၄၈၈၉၆၊ရွှေပန်းတိမ်လုပ်ငန်း

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးနေမျိုးသိန်း၊ ၈/ပခက(နိုင်)၀၃၈၉၀၅၊BE (Mechnical),M.Sc(Flersburg,Germany)၊အင်ဂျင်နီယာမှူး(စက်မှု) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာန

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမျိုးသွယ်နှင်း၊ ၇/ပတန(နိုင်)၀၅၃၇၃၂၊ ရန်ကုန်တက္ကသိုလ် ပထမနှစ်ကျောင်းသူ

(၂) မမျိုးသွင်နှင်း၊ ၇/ပတန(နိုင်) ၀၅၃၇၃၁၊ ရန်ကုန်တက္ကသိုလ် ပထမနှစ်ကျောင်းသူ (အမွှာညီအစ်မ)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၆၃)၊ ပန်းတောင်းတောင်ကုတ်လမ်းမကြီး၊ ဝန်လိုရပ်၊ ပန်းတောင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပန်းတောင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မူလတန်းပညာကို ဝါဇီစီမံကိန်း၊ ပခုက္ကူမြို့ အ.မ.က(၄)၊ အလယ်တန်းပညာကို ပခုက္ကူမြို့ အ.ထ.က(၁)၊ အထက်တန်းပညာကို အ.ထ.က (ဒိုက်ဦးမြို့)တို့တွင် သင်ကြားခဲ့ပါသည်။ လှိုင်နယ်မြေ(ရန်ကုန်တက္ကသိုလ်)တွင် ကောလိပ်ပထမနှစ်နှင့်ဒုတိယနှစ် တက်ရောက်ခဲ့ပြီး ပင်မရန်ကုန်တက္ကသိုလ်တွင် တတိယနှစ်နှင့် စတုတ္ထနှစ်အဖြစ် တက္ကသိုလ်ပညာကို ဆက်လက် သင်ယူခဲ့ရာ B.A(International Relation) ဘွဲ့ကို ရရှိခဲ့ပါသည်။ မိသားစုရွှေပန်းတိမ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ရှေ့နေလုပ်ငန်း (ပန်းတောင်းမြို့၊ ပြည်မြို့၊ သာယာဝတီမြို့)များ လုပ်ကိုင်ခဲ့ပါသည်။ တတိယနှစ်ကျောင်းသူ ဘဝ၌ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မြို့နယ်လူငယ်အတွင်းရေးမှူး၊ မြို့နယ်ဘဏ္ဍာရေးမှူး တာဝန်များ ထမ်းဆောင်နေပြီး ယခုလက်ရှိ ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မြို့နယ်အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖြစ်ပါသည်။ ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်သူဖြစ်၍ မတရားမှုများ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကူညီဆောင်ရွက်ပေးခြင်း၊ ဥပဒေအကြံတောင်းခြင်း၊ မြို့နယ်တွင် ပြဿနာဖြစ်မှုများကို လက်လှမ်းမီသလောက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ပါတီ၏ရှေ့နေကွန်ယက်အတွင်း၌လည်း ကူညီဆောင်ရွက်ပေးခြင်းများ ရှိပါသည်။

ဒသမတန်းအောင်မြင်ရာတွင် ဒိုက်ဦးမြို့ (အ.ထ.က)မှ တစ်မြို့နယ်လုံးတွင် မြို့နယ် ပထမဆုရရှိခဲ့ပါသည်။

နိုင်ငံရေးလုပ်ခြင်းအား ငယ်စဉ်ကပင် ဝါသနာပါသူဖြစ်သဖြင့် ယခုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာချိန်တွင် မိခင်ပါတီ၏လမ်းညွှန်မှုဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအား ထိုက်တန်ပြောင်မြောက်စွာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပါမည်။