ဒေါက်တာသန်းဝင်း( မြောက်ဥက္ကလာပ မဲဆန္ဒနယ်)

အမည်

ဒေါက်တာ သန်းဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဉကမ(နိုင်) ၀၀၅၄၂၀

မွေးသက္ကရာဇ်/အသက်

၁၈. ၁၁. ၁၉၄၉ (၆၁)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်

ပညာအရည်အချင်း

အမ်ဘီဘီအက်(စ်)(ရန်ကုန်)

လက်ရှိအလုပ်အကိုင်

ဆရာဝန် ဆေးကုခန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်ဝင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြင်ရီ၊ ၁၂/တမန(နိုင်)၀၄၉၀၈၄၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ မရှိပါ

၅၂၆ ၊ မေဓါဝီလမ်း၊ ၈ ရပ်ကွက်၊ မြောက်ဥက္ကလာပ

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၅၄ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ စိန်ပေါလ်အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ ၁၉၆၇ ခုနှစ်နှစ် ၁၉၇၄ ခုနှစ်အထိ ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ တက်ရောက်သင်ကြားခဲ့ပြီး အမ်ဘီဘီအက်စ် ဘွဲ့ရရှိခဲ့သည်။ ကိုယ်ပိုင်ဆေးကုခန်း ဖွင်လှစ်လုပ်ကိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ ဒုဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ NLD ပါတီမှ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ NLD နာဂစ် ကယ်ဆယ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။