ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုက်ခရိုဝေ့ဗ်စခန်း အနေဖြင့် ကြိုးဖုန်းလိုင်း ၅ လိုင်းဖြင့် အဝေးဆက်သွယ်မှုကို စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် အော်တိုကြိုးဖုန်း နေရာ ၆၅ လုံး၊ ဆယ်လူလာဖုန်း နေရာ ၇၄ လုံးဖြင့် ဆောင်ရွက်နေပါသော်လည်း ဆက်သွယ်ရေး ပြတ်တောက်မှုများနှင့် ကြုံတွေ့နေခဲ့ရပါတယ်။ မိုးမိတ်မြို့နယ်မှာ မြို့နှင့် ၁၈ မိုင်ကွာတဲ့ ရွှေလီမြစ်ပေါ်မှာ ၁၀၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်လျက်ရှိနေပါသဖြင့် ဆက်သွယ်ရေးလုပ်ငန်း ပြတ်တောက်မှုကင်းဝေးစေရန် အထူးလိုအပ်လှပါ တယ်။ မကြာခဏဆိုသလို လျှပ်စစ်ဓာတ်အားပေးမှုနှင့် စက်ပစ္စည်းဟောင်းနွမ်းမှုများကြောင့် အဝေးလိုင်းများ ပြတ်တောက်မှုရှိကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ယင်းကဲ့သို့ အဝေးလိုင်းပြတ် တောက်မှုမရှိစေရန်အတွက် (က) စက်ပစ္စည်းအသစ်လဲလှယ်ပေးရန် သို့မဟုတ် တပ်ဆင်ပေးရန် အစီအစဉ်ရှိပါသလား။ (ခ) အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုလုပ်ဆောင်ရွက်ပေး မည်ကိုသိလိုပါကြောင်း မေးမြန်းအပ်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ အော်တိုအိတ်ချိန်းမှာ GSM စခန်းတွေနဲ့ အဝေးဆက်သွယ်မှုကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ကြေးနီတောင်-မိုးမိတ် မိုက်ခရိုဝေ့ဗ်ဆက်ကြောင်းနှင့် ချိတ်ဆက်ပြီးတော့ အသုံးပြုထား တာဖြစ်ပါတယ်။ ဒီမိုက်ခရိုဝေ့ဗ်ဆက်ကြောင်းကို မိုက်ခရိုဝေ့ဗ်စခန်းမှာ Transtion အဖြစ် အဝေးလိုင်း 16 E1 လိုင်းပေါင်းအားဖြင့်ဆိုရင်တော့ အဝင်အထွက် ၁၈၀ တပ်ဆင်ထားတာ ဖြစ်ပြီးတော့ ရံဖန်ရံခါ ဆက်သွယ်မှုပြတ်တောက်မှုဖြစ်ပေါ်နေတဲ့အတွက် ပြန်လည်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ Indoor Unit ကောင်းမွန်ပြီးတော့ Outdoor Unit ချို့ယွင်းနေတာ တွေ့ရှိတဲ့အတွက် Outdoor Unit ကို ၄-၆-၂၀၁၂ ရက်နေ့မှာ အသစ်တပ်ဆင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း မိုးမိတ် မိုက်ခရိုဝေ့ဗ်ရဲ့ Antenna Orientation ကို ထပ်မံပြီးတော့ ပြောဆိုလို့ကောင်းအောင် ချိန်ညှိခြင်း၊ နောက်မိုက်ခရိုဝေ့ဗ်ရဲ့ Antenna တွေကိုလည်း ကြံ့ခိုင်ရေးစစ်ဆေးခြင်း၊ ပြုပြင် ဆောင်ရွက်ခဲ့ပါတယ်။ ထို့အတူပဲ ဦးကျော်မြင့်ပြောသလိုပဲ စခန်းမှာရှိတဲ့ Power ပိုင်းတွင် အသုံးပြု ထားသော Ratio Backup Battery ကိုလည်းပဲ သုံးစွဲတဲ့သက်တမ်း ကျော်လွန်မသွားအောင်ဆိုပြီး တော့ 12 V, 70 AH Battery အသစ် ၄ လုံးနှင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခဲ့တဲ့အခါမှာ ဆက်သွယ်မှုများ ပုံမှန်ကောင်းမွန်နေပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
