|
အမည် |
ဦးကျော်မြင့် |
|
အခြားအမည် |
ကိုဖိုးတုတ် |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/မမတ(နိုင်)ဝဝ၄၅၃၆ |
|
မွေးသက္ကရာဇ်/အသက် |
၃.၃.၁၉၅၇ / (၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
တောင်ပိုင်းရပ်ကွက်၊ မိုးမိတ်မြို့ |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (သမိုင်းအဓိက) |
|
လက်ရှိအလုပ်အကိုင် |
တောင်သူ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကံညွန့် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြည်၊ ၁၃/ မမတ(နိုင်) ၀၀၃၄၇၃၊ တောင်သူ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် ၂၁၃၊ မြို့လယ်လမ်း၊ တောင်ပိုင်းရပ်ကွက်၊ မိုးမိတ်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုးမိတ်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မိုးမိတ်မြို့ အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ သင်ကြားခဲ့သည်။ မန္တလေးဒေသကောလိပ်(ရတနာဘုမ္မိ)နှင့် မန္တလေးတက္ကသိုလ်သို့တက်ရောက်ခဲ့ပြီး သမိုင်းပညာ အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ်အထိ စာရေးအဖြစ် မြို့နယ်အလုပ်သမားအစည်းအရုံး မိုးမိတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ လမ်းစဥ်လူငယ်စည်းရုံးရေးကော်မတီဝင်၊ နမ့်ဟိန်ကွင်းမြောင်းကော်မတီဥက္ကဋ္ဌနှင့် မြို့မအုပ်စု ဘဏ်ငွေချေးခြင်းလုပ်ငန်း အတွင်းရေးမှူး တာဝန်တို့ကို ဆောင်ရွက်လျက်ရှိသည်။ ၁၉၇၂ ခုနှစ်တွင် မိုးမိတ်မြို့ နွေရာသီလူငယ် လုပ်အားပေးစခန်း (လေယာဥ်ကွင်း)တွင် စံပြဆု ရရှိခဲ့သည်။ |
