|
အမည် |
ဦးသန်းမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/ဝတန(နိုင်)၁၁၁၈၀၂ |
|
မွေးသက္ကရာဇ်/အသက် |
၇-၇-၁၉၅၆/(၅၄) နှစ် |
|
မွေးဖွားရာဇာတိ |
တမာကုန်းကျေးရွာ၊ ဝမ်းတွင်းမြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ရူပဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ရက်ကန်းလုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသိန်းမောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှခင်၊ ၉/ဝတန(နိုင်)၁၁၂၄၁၆၊ ရက်ကန်း |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မိမိ၊ ၉/ဝတန(နိုင်)၀၁၂၄၀၇၊ ရက်ကန်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုဖြိုးကိုကိုမြင့်၊ ၉/ဝတန(နိုင်)၀၀၀၅၃၇၊ ကုန်သည် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁)ရပ်ကွက်၊ ဝမ်းတွင်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝမ်းတွင်းမြို့နယ် (ပထမ အကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ-လ-က တမာကုန်း၊ အ-ထ-က သဲတော+ဝမ်းတွင်းတို့တွင် သင်ကြားခဲ့သည်။ ရန်ကုန်၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၌ စာပေးစာယူဖြင့် သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့သည်။ယက်ကန်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ ဝမ်းတွင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ယခုတိုင် ဆောင်ရွက်လျက်ရှိသည်။ ဝမ်းတွင်း မြို့နယ် နာရေးကူညီမှုအသင်း၌ အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြို့နယ် မီးလင်းရေးကော်မ တီတွင်လည်း ဦးဆောင်ပါဝင်လျက်ရှိသည်။ဝမ်းတွင်းမြို့ မဟာဇောတိကာရာမ သိမ်တောင်တောရကျောင်းတိုက်၏ ဝိနယနုဂ္ဂဟစာအောင် သံဃာ တော်များနှင့် ပင့်သံဃာများ စုစုပေါင်း အပါး (၂၅၀) ကျော်အား ဆွမ်းဆက်ကပ်ခြင်း၊ စောင်(၁)ထည်စီ လှူဒါန်း ခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်းတို့ကို နှစ်စဥ် ယခုချိန်အထိ ဆောင်ရွက်ခဲ့သည်။ မန္တလေး ကျုံးတော်ကြီး ပြန်လည်ဆယ်ယူပြုပြင်ရေးလုပ်ငန်းတွင် အလှူငွေ ပါဝင်လှူဒါန်းခြင်း၊ မိတ္ထီလာမြို့ ရှေးဟောင်း ဘုရားများပြုပြင်ရန် ပါဝင်လှူဒါန်းခြင်း၊ တပ်မတော်မိသားစုများအတွက် နေလလုံချည် တူညီဝတ်စုံများ ယက်လုပ်ရာတွင်လည်း (လ.ပ.ခ) တိုင်းမှူး၏ တာဝန်ပေးချက်အပေါ် အောင်မြင်စွာဆောင်ရွက်ခဲ့သည်။ |
