ဦးသိန်းထွန်းဦး (အမရပူရ မဲဆန္ဒနယ်)

အမည်

ဦးသိန်းထွန်းဦး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/အမရ(နိုင်)ဝ၁၃၄၁၁

မွေးသက္ကရာဇ်/အသက်

၁၆-၈-၁၉၆၆/(၄၄)နှစ်

မွေးဖွားရာဇာတိ

-မင်္ဂလာစံရပ်၊ဈေးချိုရပ်ကွက်၊ အမရပူရမြို့

ပညာအရည်အချင်း

-B.Sc (Bot)

လက်ရှိအလုပ်အကိုင်

-စက်ယက်ကန်း၊ လက်ယက်ကန်းလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

-ဦးမင်းနိုင် ၉/အမရ(နိုင်)၀၁၄၃၈၇၊တပ်မတော် အငြိမ်းစား

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

-ဒေါ်ခင်မာသီ၊ ၉/အမရ(နိုင်)၀၀၈၃၂၇၊ အလပြ (အငြိမ်းစား)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

-မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

-မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

-ဈက-၅၇၊ သင်ပန်းကုန်းရပ်၊ ဈေးချိုရပ်ကွက်၊ အမရပူရမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမရပူရမြို့နယ် (ပထမ အကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို အမရပူရမြို့ ရွှေဂွမ်းထုပ်ရပ်ကွက် စာတိုက်တန်း(အ-မ-က)၊ ဆင်စွယ်ပွတ် ရပ်ကွက်မြို့မ (အ-လ-က)နှင့် မှန်တန်းရပ်ကွက် ပ-လ-စ(၂) အ-ထ-ကတို့၌ သင်ကြားခဲ့သည်။ မန္တလေး တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.Sc(Bot)ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ Hoo HUAT Eng Co., Ltd Singapore တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ စျေးချိုရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အမှုဆောင်အဖြစ်လည်းကောင်း ၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ စျေးချိုရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၀-၈-၂၀၁၀ ရက်နေ့မှ ယနေ့အထိ မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။