|
အမည် |
ဒေါ်တင်နွယ်ဦး |
|
အခြားအမည် |
စိမ်းစိမ်း |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/မရက(နိုင်)ဝ၆၁၅၇၆ |
|
မွေးသက္ကရာဇ်/အသက် |
၂၄-၃-၁၉၅၁ /(၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
ရန်ကုန်မြို့ |
|
ပညာအရည်အချင်း |
B.Com, C.A.P, DBL |
|
လက်ရှိအလုပ်အကိုင် |
ဘဏ္ဍာရေးအတိုင်ပင်ခံ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးတင်ဦး (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်သန်းကြည် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစောမြင့်မောင်၊ ၁၂/မရက(နိုင်) ၀၆၁၅၇၆၊ ကထိက (ငြိမ်း)၊ စီးပွားရေးတက္ကသိုလ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁)မသီရိရတနာစော၊ ၁၂/မဂန(နိုင်)၀၀၁၅၆၈၊ ဌာနေကိုယ်စားလှယ်(DKSH) |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၈၊ ပြည်လမ်း၊ ၆ မိုင်၊ ဓမ္မာရုံလမ်း၊(၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို အ-ထ-က(၃)ဒဂုံမြို့နယ် ရန်ကုန်မြို့ (ယခင်မြို့မအမျိုးသမီးအထက်တန်းကျောင်း)၌ ပညာသင်ကြားခဲ့သည်။ စီးပွားရေးတက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး B.Com, C.A.P.,DBL ဘွဲ့ ရရှိခဲ့သည်။ ပခုက္ကူကောလိပ်တွင် လုပ်ငန်းအုပ်ချုပ်မှုပညာဌာနတွင် ဌာနမှူး၊ ဆေးတက္ကသိုလ် (၂)တွင် ငွေစာရင်းမှူး၊ ကျန်းမာရေးဦးစီးဌာနတွင် အုပ်ချုပ်ရေးအရာရှိ၊ ဧရာဝတီကုမ္ပဏီတွင် ဘဏ္ဍာရေးအတိုင်ပင်ခံ၊ MANA တွင် Budget Controller နှင့် UNODC တွင် Admin &Finance Officer အဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းနှင့် မြို့မကျောင်းသားကျောင်းသူဟောင်းအသင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်တို့ ရရှိခဲ့သည်။ ၇-၇-၁၉၉၅ ရက်နေ့မှစ၍ နာမကျန်းပင်စင် ခံစားသည်။ |
